ကာတာ၌ ကမ္ဘာ့ဖလားလက်မှတ်ရောင်းရငွေ ၃ သန်းနီးပါးရှိကြောင်း အင်ဖန်တီနိုဆို

0
254

ဒိုဟာ၊အောက်တိုဘာ ၁၇

ကာတာနိုင်ငံတွင် နိုဝင်ဘာ ၂၀ ရက်၌ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ရောင်းချရမှုမှာ ပြိုင်ပွဲမတိုင်မီပင် လက်မှတ်ပေါင်း သုံးသန်း နားကပ်လာပြီဖြစ်ကြောင်း ဖီဖာဥက္ကဋ္ဌ ဂျာနီအင်ဖန်တီနို  နှင့် ပွဲစီစဉ်သူများက အောက်တိုဘာ ၁၇ ရက် တနင်္လာနေ့တွင်ပြောကြားခဲ့သည်။

လက်မှတ်ပေါင်း ၂ ဒသမ ၈၉ သန်းရောင်းချပြီးနောက် ထိပ်တန်းဝယ်ယူသည့်နိုင်ငံသုံးနိုင်ငံမှာ ကာတာ၊ အ‌မေရိကနှင့် ဆော်ဒီအာရေးဗျတို့ဖြစ်ကြောင်း ကမ္ဘာ့ဖလားဖြစ်‌မြောက်ရေးအရာရှိချုပ် ကောလင်းစမတ် က ဒိုဟာရှိသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

မစ္စတာ အင်ဖန်တီနိုက ဗီဒီယိုဖြင့် ကွန်ဖရင့်မိန့်ခွန်းပြောကြားရာတွင် အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုတွင် ပထမဆုံးကျင်းပခြင်းဖြစ်သည့် တစ်လတာပြိုင်ပွဲအတွက် ခရီးစဉ်ပက်ကေ့ခ်ျပေါင်း ၂၄၀,၀၀၀ ရောင်းချခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အသေးငယ်ဆုံးနိုင်ငံကာတာသည် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လာရောက်ကြည့်ရှုသူ ၁ ဒသမ ၂ သန်းခန့်ကို လက်ခံရန်ပြင်ဆင်နေကြောင်းလည်း သိရှိရသည်။

ထောင်နှင့်ချီသော ပရိသတ်များသည် ကာတာ၏ နေရာအခက်အခဲ အကန့်အသတ်ကြောင့် ခရီးသွားလုပ်ငန်းအချက်အချာဖြစ်သည့် ယူအေအီးကဲ့သို့သော အိမ်နီးချင်းနိုင်ငံများတွင်တည်းခိုကြပြီး  ပွဲစဉ်များကြည့်ရှူရန်အတွက် ဒိုဟာသို့ လေယာဉ်ဖြင့်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

ကာတာကမ္ဘာ့ဖလားကျင်းပရေးကော်မတီ ညွှန်ကြားရေးမှူးချုပ် ယာဆေးအယ်လ်ဂျာမေးက ကာတာတွင် အခန်းပေါင်း ၂ သန်း ရောင်းချခဲ့ရပြီး နောက်ဆုံးမိနစ်အတွက် လက်မှတ်ရောင်းချမှုပြုလုပ်ရန် နောက်ထပ် အခန်းပေါင်း ၃၀,၀၀၀ ကို ထပ်မံထည့်သွင်းထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒိုဟာရှိ ဟိုတယ်အခန်းအများစုသည်ဘောလုံးအသင်းများ၊ ၎င်းတို့၏ အထောက်အကူပြုဝန်ထမ်းများနှင့် ကမ္ဘာ့ဖလားတာဝန်ရှိသူများဖြင့် ပြည့်နေမည်ဖြစ်သည်။

ဂျပန်နိုင်ငံသည် နိုဝင်ဘာ ၇ ရက်တွင် ပြိုင်ပွဲအတွက် ပထမဆုံးလာရောက်သည့်အသင်း ဖြစ်လာမည်ဖြစ်ကြောင်းလည်း စမစ်က ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here