ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသောရဟတ်ယာဉ်အမှု ၅ ခုလုံးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် စွဲချက်တင်

0
278

အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် ရဟတ်ယာဉ်အမှု ၅ ခုလုံးနှင့်ပတ်သက်၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် စွဲချက်တင်လိုက်ပြီကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ယနေ့ (အောက်တိုဘာလ ၁၈) တွင် နေပြည်တော်အကျဉ်းထောင်အထူးတရားရုံး၌ စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး လာမည့် ရုံးချိန်းမှစပြီး ပြန်ခေါ်သက်သေများကို စစ်ဆေးသွားမည်ဟု သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အမှုစုစုပေါင်း ၁၉ မှုဖြင့်တရားစွဲဆို ခံခဲ့ရပြီး လက်ရှိအချိန်တွင် ထိုအထဲမှ ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် အထိ ချမှတ်ခံထားရကာ ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်သည့် အဂတိအမှု ၅မှု အတွက် ဆက်လက်ရင်ဆိုင်နေရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here