အီရန်တွင် မငြိမ်မသက်ဖြစ်ခြင်းများနှင့်ပတ်သက်၍ အမေရိကန်အား အီရန်ကအပြစ်တင်သလို၊ အမေရိကန်မှလည်း အီရန်က ရုရှားသို့ ဒရုန်းများရောင်းချခဲ့ခြင်းကို ပြန်လည်ပြစ်တင်ပြောဆို

0
296

အီရန်နိုင်ငံက ရုရှားနိုင်ငံအား မောင်းသူမဲ့ ဒရုန်းလေယာဉ်များရောင်းချခဲ့ခြင်းသည် ၂၀၁၅ ခုနှစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၂၃၁ ကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Vedant Patel က တင်္နလာနေ့ကပြောကြားခဲ့သည်။

အီရန်နိုင်ငံသည် ၎င်းတို့နိုင်ငံမှထုတ်လုပ်သည့် Shahed-136 အသေခံ ဒရုန်းလေယာဉ်များကို ရုရှားနိုင်ငံသို့ မကြာသေးမီက ရောင်းချခဲ့ပြီးနောက် တနင်္လာနေ့စောစောပိုင်းအချိန်တွင် ရုရှားက ယင်းလေယာဉ်များဖြင့် ယူကရိန်းကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းက စွပ်စွဲခဲ့သည်။ သို့ရာတွင် ယင်းဒရုန်းများသည် မိမိတို့ထုတ်လုပ်သည့် ဒရုန်းများမဟုတ်ကြောင်း အီရန်ဖက်က ပြန်လည်ငြင်းဆိုထားသည်။

အီရန်သမ္မတကလည်း အီရန်တွင် ပြီးခဲ့သည့်ရက်သတ္တပတ်များက ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများသည် အမေရိကန်က လှုံ့ဆော်ခဲ့ခြင်းကြောင့်ဟုဆိုကာ အမေရိကန်ကို ပြစ်တင်ပြောဆိုခဲ့သည်။

၂၀၁၅ ခုနှစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၂၃၁ ဆိုသည်မှာ အီရန်နှင့် ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနှင့် အမေရိကန်တို့အကြား အီရန်နိုင်ငံ၏ ယူရေနီယမ်သိုလှောင်မှုများနှင့် သန့်စင်မှုများ၊ နျူလက်နက်များပြုလုပ်ခြင်းတို့ကို ကန့်သတ်ထားခြင်းနှင့် ပတ်သက်သည့် သဘောတူညီချက်တစ်ခုဖြစ်သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here