နိုင်ဂျီးရီးယားရေကြီးမှုကြောင့် သေဆုံးသူခြောက်ရာကျော်ရှိလာ၊ ထောင်ချီ ၍ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေရ

0
186

နိုင်ဂျီးရီးယားတွင် ယခုနှစ်အတွင်းရေကြီးမှုကြောင့် သေဆုံးသူဦးရေမှာ ၆၀၃ ဦးအထိများလာခဲ့ပြီး ဒေသခံအာဏာပိုင်များကလည်း ရေနစ်မြုပ်ရာနေရာများမှရွှေ့ပြောင်းလာသူများ ကိုရာနှင့်ချီ ၍ကယ်ဆယ်ရေးများလုပ်ဆောင်ရန်ကြိုးပမ်းနေခဲ့သည်။

နိုင်ဂျီးရီးယား၏ ပြည်နယ် ၃၆ ခုအနက် ၃၃ ခုတွင် လူပေါင်း ၁ ဒသမ ၃ သန်းခန့်ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ကြီးဌာနက တနင်္ဂနွေနေ့နှောင်းပိုင်းက ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားသည်နှစ်စဉ်ရေကြီးရေလျှံမှုများ အထူးသဖြင့်ကမ်းရိုးတန်းဒေသတွင် ကြုံတွေ့နေရသော်လည်းယခုနှစ်ရေကြီးမှုသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်းအဆိုးရွားဆုံးဖြစ်သည်။ယခုရေကြီးမှုအား အိမ်နီးချင်းကင်မရွန်းရှိ လက်ဂ်ဒိုဆည်မှ ရေပိုထုတ်လိုက်ခြင်းကြောင့်နှင့် ပုံမှန်မဟုတ်သောမိုးရွာသွန်းမှုများအပေါ် အာဏာပိုင်များကအပြစ်ဖို့ခဲ့ကြသည်။

ရေဘေးဒုက္ခသည်များသည် အစိုးရထံမှအကူအညီရရှိနိုင်ရေးအတွက် မြို့ပေါ်သို့တိမ်းရှောင်လာကြသည်။ရက်နှင့်ချီရွာနေခဲ့သောမိုးသည် နောက်ရက်များတွင်ပါ ဆက်တိုက်ရွာနိုင်နေသေးကြောင်းသိရှိရပြီး စိုးရိမ်ရေမှတ်ထက်ကျော်လွန်နိုင်နေသေးကြောင်းဖော်ပြထားသည်။

ရေကြီးမှုသည် နိုင်ဂျီးရီးယားတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကိုပိုမိုဆိုးရွားစေခဲ့ပြီး လူပေါင်းသုံးသန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ပြည်တွင်းရွှေ့ပြောင်းမှုစောင့်ကြည့်ရေးစင်တာမှ ပြောကြားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုရေးရာဝန်ကြီး Sadiya Umar Farouq ကမူ ပြည်နယ်ငါးခုအနေဖြင့် နိုဝင်ဘာလအကုန်အထိ ရေလွှမ်းမိုးမှုအန္တရာယ်ကြုံနေရနိင်ကြောင်း လည်းသတိပေးခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ကတော့ သက်ဆိုင်ရာပြည်နယ်အစိုးရတွေ၊ဒေသန္တရအစိုးရကောင်စီတွေနဲ့ ရပ်ရွာလူထုတွေကို ရေလွှမ်းမိုးတဲ့ဒေသကနေထိုင်သူများအား ရေလွတ်ရာနေရာသို့ရွှေ့ပြောင်းပေးခြင်းအားဖြင့် နောက်ထပ်ရေကြီးရေလျှံမှုတွေအတွက် ကြိုတင်ပြင်ဆင်ဖို့တောင်းဆိုနေပါတယ်” ဟုလည်း မစ္စတာ Farouq ကပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပတ်က ဘူဟာရီသည် ရေဘေးသင့်သူများအတွက် စပါးမက်ထရစ်တန် ၁၂,၀၀၀ ခွဲဝေပေးခဲ့သည်ဟု လူသားချင်းစာနာထောက်ထားမှုရေးရာဝန်ကြီးကပြောကြားခဲ့သည်။

Source : Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here