ထိုင်းနိုင်ငံသို့ MoU စာချုပ်ဖြင့်သွားရောက်ခဲ့သော်လည်း စာချုပ်ပါအတိုင်း အလုပ်မရရှိသဖြင့် မြန်မာနိုင်ငံသား ၇ ဦးအခက်အခဲများဖြစ်ပေါ်နေ

0
157

ထိုင်းနိုင်ငံရှိ အလုပ်ရုံတစ်ခု၌ အလုပ်ရမည်ဟုဆိုကာ MoU စာချုပ်ချုပ်ဆိုသွားရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၇ ဦး စာချုပ်ပါအတိုင်းအလုပ်မရခဲ့သဖြင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

မြန်မာ MoU အလုပ်သမား အမျိုးသား ၅ ဦးနှင့်အမျိုးသမီး ၂ ဦးတို့သည် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတစ်ခုနှင့်စာချုပ်ချုပ်ဆိုသွားရောက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သ မားစောင့်ကြည့်ရေးအဖွဲ့ K.T.G Helping Hands မှသိရသည်။

မြန်မာ MoU အလုပ်သမား ၇ ဦးသည် စာချုပ်ချုပ်ဆိုစဥ်က ဝန်ဆောင်ခအဖြစ် ၂ ဦးမှာ ၁၆၀၅၀၀၀၀ စီ၊ ၁ ဦးမှာ ၁၈၀၀၀၀၀ နှင့် ၄ ဦးမှာ ၂၁၀၀၀၀၀ စီပေးချေခဲ့ရကြောင်း သိရသည်။

ထိုသို့ ဝန်ဆောင်ခပေးချေပြီး စာချုပ်ချုပ်ဆိုပြီးနောက် စက်တင်ဘာ ၁၉ ရက်က ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ကာ အောက်တိုဘာ ၁၇ ရက်အထိ စာ ချုပ်ပါအတိုင်း အလုပ်မရရှိသည့်အပြင် နေရာ ၄ ခုရွှေ့ပြောင်းနေထိုင်ခဲ့ရသည်ဟု သိရသည်။

ထို့ကြောင့် အခက်အခဲများကြုံတွေ့နေရသဖြင့် စေလွှတ်ခဲ့သည့် ကုမ္ပဏီထံဆက်သွယ်အကြောင်း ကြားခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိသေးသဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားစောင့်ကြည့်ရေးအဖွဲ့ K.T.G Helping Hands ထံသို့ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MoU စာချုပ်ပါအတိုင်း အလုပ်မရရှိသည့်အပြင် နေရာ ၄ ခုသို့ရွှေ့ပြောင်းနေထိုင်ခဲ့ရသည့် မြန်မာ MoU အလုပ်သမား ၇ ဦးအား ကူညီမှုများပြုလုပ်ပေးရန် မြန်မာရွှေ့ပြောင်းအလုပ်သမားစောင့်ကြည့်ရေးအဖွဲ့ K.T.G Helping Hands ကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here