ဂျာမနီမှ သက်တမ်းပြည့်ပြီဟုဆိုနေကြသော နျူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို စွမ်းအင်အခက်အခဲကြောင့် ၂၀၂၃ အထိ ဆက်လက်လည်ပတ်မည်ဟုဆို

0
208

နျူကလီးယားဓာတ်အားပေးစက်ရုံများ၏ သက်တမ်းနှင့်ပတ်သက်၍ အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများရှိနေသော်လည်း လက်ရှိတွင် ရင်ဆိုင်နေရသည့် စွမ်းအင်အခက်အခဲကြောင့် လက်ကျန် နျူကလီးယားဓာတ်အားပေးစက်ရုံ ၃ ခုကို ၂၀၂၃ ခုနှစ် ဧပြီလအထိ ဆက်လက် လည်ပတ်ရန် ဂျာမနီနိုင်ငံအဓိပတိ Olaf Scholz က တနင်္လာနေ့က အမိန့်ပေးခဲ့သည်။

“နျူကလီးယားဓာတ်အားပေးစက်ရုံ Isar 2၊ Neckarwestheim 2 နှင့် Emsland တို့အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ရပ်တန့်ခြင်းမပြုပဲ ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်အထိ လည်ပတ်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ တရားဝင်ဖြစ်စေမည့် ကိစ္စရပ်များကို ဆောင်ရွက်ပြီးစီပြီဖြစ်ကြောင်း” အဓိပတိ Scholz၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျာမနီနိုင်ငံအပါအဝင် ဥရောပနိုင်ငံများသည် ယခုနှစ်ဆောင်းတွင်းတွင် စွမ်းအင်အခက်အခဲကို ရင်ဆိုင်နေရသဖြင့် စွမ်းအင်ရရှိမည့် အရင်းအမြစ်မှန်သမျှကို ရပ်တန့်ခြင်းပြုမည့်အစား ဆက်လက်သုံးစွဲနေရခြင်းဖြစ်သည်။

Source: Germany extends lifetime of remaining nuclear plants


LEAVE A REPLY

Please enter your comment!
Please enter your name here