စင်္ကာပူနှင့်ဗီယက်နမ်တို့သည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့်စီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူညီခဲ့ကြ

0
274

စင်္ကာပူ၊အောက်တိုဘာ ၁၇

စင်္ကာပူနှင့်ဗီယက်နမ်တို့သည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ဆိုက်ဘာလုံခြုံရေး၊သဘာဝပတ်ဝန်းကျင်မထိခိုက်‌ သောစီးပွားရေး(ဂရင်းအီကိုနိုမီ)နှင့် ရေရှည်တည်တံ့သော အခြေခံအဆောက်အဦများကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် သဘောတူခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က အောက်တိုဘာ ၁၇ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

စင်္ကာပူသမ္မတ ဟာလေမာယေးကော့ဘ်နှင့် ဗီယက်နမ်သမ္မတ ငုယင်ရွှမ်ဖို့တို့ကလည်း စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့အကြား “တည်မြဲ‌သော ချစ်ကြည်ရင်းနှီးမှုနှင့် ကောင်းမွန်သော ဆက်ဆံရေး” တို့ကို အတည်ပြုခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

သမ္မတဟာ‌လေမာသည် ဗီယက်နမ်နိုင်ငံသို့ အောက်တိုဘာ ၁၆ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ နိုင်ငံတော်ခရီးစဉ် သွားရောက်နေခြင်းဖြစ်သည်။

သမ္မတဟာလေအား တနင်္လာနေ့နံနက်ပိုင်း၌ ဟနွိုင်းမြို့ရှိ သမ္မတအိမ်တော်တွင် သမ္မတဖို့ကလက်ခံတွေ့ဆုံခဲ့သည်။သမ္မတဖို့ နှင့် သမ္မတကတော် မဒမ်ထရမ်ငုယင်သူ တို့သည် သမ္မတဟာလေမာအား ဂုဏ်ပြုစား သောက်ပွဲဖြင့်ဧည့်ခံကာ နိုင်ငံတော်အခမ်းအနား ကျင်းပမည်ဖြစ်ပါသည်။

၎င်းတို့၏ စေ့စပ်ညှိနှိုင်းမှုအတွင်း သမ္မတဟာ‌လေမာနှင့် သမ္မတဖို့တို့သည် နှစ်နိုင်ငံအကြား “ကျယ်ပြန့်ပြီး ခိုင်မာသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု” ကို ထပ်မံအတည်ပြုခဲ့ကြောင်း MFA ကပြောကြားခဲ့သည်။

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ဆိုက်ဘာလုံခြုံရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ကာဗွန်မျှ‌ေခြကိုသာလွန်ခြင်းများအပါအဝင် ဂရင်းအီကိုနိုမီ၊ရေရှည်တည်တံ့သော အခြေခံအဆောက်အဦများနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများကဲ့သို့သော ထွန်းသစ်စနယ်ပယ်သစ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့ကြသည်။

သမ္မတဟာ‌လေမာနှင့် သမ္မတဖို့တို့သည် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (MTI) နှင့် ဗီယက်နမ် ဝန်ကြီးဌာန အသီးသီးတို့အကြား နားလည်မှုစာချွန်လွှာ (MoUs) ကို လက်မှတ်ရေးထိုးရာတွင် သက်သေများအဖြစ်ပါဝင်ခဲ့ကြသည်။

ထို့နောက် ခေါင်းဆောင်နှစ်ဦးသည် ကွန်သိုမြို့တွင်ရှိသော 12th Vietnam-Singapore Industrial Park (VSIP) ကို ဖွံ့ဖြိုးတိုးတက်စေရန် ဆမ်းဘ်ကော့ပ်၏ ဖက်စပ်လုပ်ငန်းဖြစ်သော VSIP Joint Stock Company အားရင်းနှီးမြှုပ်နှံမှုလိုင်စင် တင်ပြခြင်းကိုသက်‌သေပြုခဲ့ကြောင်း MFA ကပြောကြားခဲ့သည်။

သမ္မတဟာလေမာသည် ဗီယက်နမ် ဝန်ကြီးချုပ် ဖန်းမင်းချင်းအပါအဝင် အခြားသောတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။သမ္မတဟာလေမာနှင့် မစ္စတာချင်း တို့သည် ဒစ်ဂျစ်တယ်နှင့်စိမ်းလန်းသော စွမ်းရည်များ ဖော်ဆောင်ရာတွင် နှစ်နိုင်ငံလုံး၏ “စိတ်တူသဘောတူ” အခြေနေကို ထပ်မံအတည်ပြုခဲ့ပြီး အဆိုပါနယ်ပယ်များတွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့ကြသည်။

သမ္မတဟာ‌လေမာသည် နေ့လည်ပိုင်းတွင်ဟိုချီမင်းင်းသို့ မသွားရောက်မီ အင်္ဂါနေ့တွင် ဟနွိုင်းနှင့် ဘက်နင့်မ်ပြည်နယ်သို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း MFA ကပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here