ဂျပန်နှင့် ဩစတြေးလျဝန်ကြီးချုပ်တို့ လုံခြုံရေး သဘောတူညီချက် ရရန် ယခုအပတ်အတွင်း တွေ့ဆုံသွားမည်

0
132

တိုကျို၊ အောက်တိုဘာ ၁၈

ဂျပန်နှင့် ဩစတြေးလျတို့သည် နှစ်နိုင်ငံ ဝန်ကြီးချုပ်များ တွေ့ဆုံကြမည့် အောက်တိုဘာလ ၂၂ ရက် စနေနေ့တွင် တရုတ်၏ ရေပိုင်နက် ချဲ့ထွင်မှုနှင့် စပ်လျဉ်း၍ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်သစ်တစ်ရပ် ပြုလုပ်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဂျပန် နေ့စဉ်သတင်းဌာန နီကေး က အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

အမေရိက၏ မဟာမိတ်များဖြစ်ကြသော အဆိုပါ နှစ်နိုင်ငံသည် တရုတ်နိုင်ငံ၏ ကြီးထွားလာနေသော စစ်ရေးအင်အားကို ချိန်ညှိရန်အတွက် လုံခြုံရေးအရ ဆက်ဆံရေးများကို ခိုင်ခံ့အောင် လုပ်ဆောင်လျက်ရှိသည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ နှင့် သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီ တို့သည် မေလတွင် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်ဘက်သဘောတူ တရားဝင် ကြေညာချက်အသစ်ကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသည်။

အဆိုပါ ကြေညာချက်တွင် လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို အကောင်အထည်ဖော်နိုင်ရန်အတွက် ကာကွယ်ရေးနှင့် စီးပွားရေး လုံခြုံမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများ ပါဝင်လာနိုင်ကြောင်း နီကေးက ပြောကြားခဲ့သည်။

အစည်းအဝေး၌ မည်သည့်ကိစ္စများတွင် သဘောတူညီမှုရရှိမည်ကိုမူ မှတ်ချက်ပေးရန် စောလွန်းသေးကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

သြစတြေးလျ ဝန်ကြီးချုပ်ရုံးက မှတ်ချက်ပေးရန် တောင်းဆိုချက်ကို လတ်တလော တုံ့ပြန်ထားခြင်း မရှိပေ။

ကီရှီဒါနှင့် အယ်လ်ဘာနီ တို့သည် စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များတွင် ပူးပေါင်းဆောင်ရွက်မှု လုပ်နိုင်ရန် စီစဉ်နေကြောင်း နီကေး က ဖော်ပြခဲ့သည်။ ဩစတေးလျသည် ဂျပန်နိုင်ငံ၏ အကြီးဆုံး သဘာဝဓာတ်ငွေ့အရည် ထောက်ပံ့သူဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here