ပခုက္ကူတွင် ဘုန်းကြီးကျောင်းပိုင်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဆရာတော် ၁ ပါးပျံ လွန်တော်မူကာ ၂ ပါးဒဏ်ရာရ

0
583

မကွေးတိုင်း၊ပခုက္ကူမြို့နယ်ရှိ ပခုက္ကူ-ဆိပ်ဖြူသွားကားလမ်းတွင် အောက်တိုဘာ ၁၆ ရက်ညနေပိုင်းက ပခုက္ကူမြို့၊ အမှတ် ၁၂ ရပ်ကွက်ရှိ မဟာဝိသုတာရာမကျောင်းတိုက်မှ ဘုန်းတော်ကြီးကျောင်းပိုင်ကားမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ညနေပိုင်းက ပခုက္ကူမြို့၊အမှတ်(၁၂)ရပ် ကွက်ရှိ မဟာဝိသုတရာမကျောင်းတိုက်မှ ဆရာ တော် ဥူးပညာဇောတ၊ ဥူးနန္ဒာစရိယ၊ ဥူးဣိန္ဒြာစာရနှင့် ဥူးဝိဇာရတို့သည် ပခုက္ကူ-ဆိပ်ဖြူသွားကားလမ်းအတိုင်း ဘုန်းတော်ကြီးကျောင်းပိုင်ကားဖြင့် ဝါကျွတ်ကန်တော့ခံရန် ထွက်ခွာလာခဲ့ကြောင်း သိရသည်။

ထွက်ခွာလာစဥ် ညောင်လှကျေးရွာအနီးအရောက် ၌ အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင်များက ကားအားမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။

ထို့ကြောင့် ဆရာတော် ဥူးနန္ဒာစရိယသည် ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူသွားခဲ့ပြီး သံဃာတော် ၂ ပါး၌ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြသဖြင့် ပခုက္ကူမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးစဥ် ဖြစ်စဥ်နေရာအနီး၌ မပေါက် ကွဲသေးသည့် လက်လုပ်မိုင်းများအား ထပ်မံတွေ့ရှိခဲ့ရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here