အကြမ်းဖက်မှုကို ထောက်ပံ့သည်ဟု သံသယရှိသူများ၏ အချက်အလက်များကို သက်ဆိုင်ရာသို့ ပေးပို့နေကြောင်း ဘဏ်အသင်း ထုတ်ဖော်ပြောကြား

0
283

အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့သည်ဟု ယူဆရသ ည့် အကောင့်ပိုင်ရှင်များ၏ အချက်အလက်များကို ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ထံ ပေးပို့နေကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းက ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သကိ၍ မြန်မာနိုင်ငံ ဘဏ်များအသင်းက အောက်တိုဘာ (၁၆) ရက်တွင် သတင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။

ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများနှင့်စပ်လျဉ်း၍ သံသယဖြစ်ဖွယ်ရှိသော ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်နေသူများ၏ သတင်းအချက်အလ က်များအား မြန်မာနိုင်ငံ ဗဟိုဘဏ်မှတဆင့် ငွေကြေးဆို င်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ တောင်းခံလာသည့် အချိန်နှင့် တပြေးညီ တင်ပြပေးပို့လျက်ရှိကြောင်း သိရသည်။ 

အဆိုပါ သတင်းပေးပို့ချက်များနှင့် စပ်လျဉ်း၍ Law  Enforcement အဖွဲ့များနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ ထပ်မံတောင်းခံလာသည့် သတင်းအချက်အလက်များကို ထပ်မံပေးပို့ခြင်းများကို မြန်မာနိုင်ငံဘဏ်များအသင်းနှင့် အသင်းဝင် ဘဏ်များက လုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘဏ်များအသင်းက သ တင်းထုတ်ပြန်ထားသည်။

FIU နှင့် CBM တို့၏ ညွှန်ကြားချက်အတိုင်း သံ သယဖြစ်ဖွယ် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ငွေစာရင်းများကို ယာယီငွေသွင်း ငွေထုတ်တားမြစ်ခြင်း၊ အပြီးတိုင် ငွေစာရင်း ပိတ်သိမ်းခြင်းများကိုလည်း လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းထံမှ သိရသည် ။

ထို့အပြင် တရားရုံး၏ ဆုံးဖြတ်ချက်အရ နိုင်ငံ့ဘဏ္ဍာအ ဖြစ် သိမ်းဆည်းရန် ကိစ္စရပ်များကိုလည်း ညွှန်ကြားချက်အတိုင်း စာရင်းပိတ်သိမ်းဆည်း၍  နိုင်ငံတော်သို့အပ်နှံခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းက အသိပေးထားသည်။

အသင်းစတင်တည်ထောင်သည့် ၁၉၉၉ ခုနှစ် ဧပြီလ (၁) ရက်မှစ၍ တည်ဆဲဥပဒေများ၊  နည်းဥပဒေများ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန် ကြားချက်၊ စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆော င်ရွက်ခြင်းဖြင့် ဘဏ်လုပ်ငန်းများအား  တည်ငြိမ်စွာဖွံ့ ဖြိုးတိုးတက်စေရန် တွန်းအားပေးထိန်းကျောင်း ဆောင် ရွ က်လျက်ရှိကြောင်းလည်း မြန်မာနိုင်ငံဘဏ်အသင်းက ဆိုသည်။

ထိုသို့  ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာတွင် ငွေကြေး ခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT)ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို အထူးအလေးပေး ကြပ်မတ်ထိန်းကျော င်းဆောင်ရွက်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here