မိုင်းပျဥ်းမြို့ရှိ စျေးအတွင်း၌ မိုင်းပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ

0
277

ရှမ်းပြည်နယ်၊မိုင်းပျဥ်းမြို့ရှိ မြို့မစျေးတွင် အောက်တိုဘာ ၁၉ ရက်(ယနေ့)နံနက်ပိုင်းက နင်းမိုင်းတစ်လုံးပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီကျော်ခန့်က မိုင်းပျဥ်းမြို့၏ မြို့မစျေးရှိ အသီးအရွက်များရောင်းချသည့် စျေးတန်းတွင်ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား စျေးရောင်းချရန်လာရောက်သည့် အမျိုးသ မီးတစ်ဦးမှနင်းမိ၍ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် မိုင်းနင်းမိသည့် မမေသူဝင်း (၃၁)နှစ်၏ ညာဘက်ခြေထောက်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် မိုင်းပျဥ်းမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေး၍ ပြင်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here