တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အ တွက်နစ်နာမှုများရှိ​နေ၍ ပြည်သူ​တွေစည်းကမ်းတကျပါဝင်​ပေးကြရန်နစက ဥက္ကဋ္ဌ တိုက်တွန်း

0
204

မွန်ပြည်နယ်အတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအား မော်လမြိုင်မြို့၌ အောက်တိုဘာ ၁၈ ရက်ကတွေ့ဆုံ၍ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက်ဆွေးနွေးစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အခွန်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အချို့ EAO အဖွဲ့များမှ တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်လျက်ရှိသည်ကို သိရှိရကာ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံအတွက် နစ်နာမှုများရှိသည်ဟု ပြောသည်။

“အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုစာရင်းဇယားတွေကို တိုက်ဆိုင်စစ်ဆေးကြည့်ရင် ၅၀ ရာခိုင် နှုန်းနီးပါးကွာဟနေတာကို တွေ့ရှိရပါတယ် ဒါဟာ တရားမဝင်ကုန်သွယ်မှုတွေ ရှိနေခြင်းကြောင့်ဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် မိမိတို့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများမရှိစေရန် တတ်နိုင်သမျှထိန်းချုပ် ဆောင် ရွက်လျက်ရှိပြီး လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များမရှိစေရန်လည်း တာဝန်ရှိသူများက ထိန်းသိမ်းဆောင်ရွက်ရန်လိုသည်ဟု ပြောသည်။

ထို့ပြင် တရားမဝင်ပစ္စည်းများ၊မူးယစ်ဆေးဝါးများနှင့်လက်နက်ခဲယမ်းများ သယ်ဆောင်မှုမရှိစေရန်စစ်ဆေးမှုများရှိသော်လည်း ခရီးသွားလာမှုများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် တတ်နိုင်သမျှဖြေရှင်းဆောင်ရွက်ပေးသွားမည်ဟုဆိုသည်။

“တစ်ဦးတစ်ယောက်ချင်းကအစပြုပြီး စည်းမဲ့ ကမ်းမဲ့ဆောင်ရွက်မယ်ဆိုရင် နိုင်ငံအနေနဲ့ တိုး တက်မှုတွေဖြစ်ပေါ်လာနိုင်မှာမဟုတ်ပါဘူး ။ပြည်သူတွေပါဝင်ပြီး စည်းကမ်းစနစ်တကျနဲ့ ထိန်းသိမ်းဆောင်ရွက်ကြဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here