အနာဂတ်အတွက် မော်လမြိုင်ဒေသတွင် ပင်လယ်ဆိပ်ကမ်းတစ်ခုနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်နိုင်ရန် စီမံ​နေ

0
243

​မော်လမြိုင်သို့​ရောက်ရှိ​နေ​သော နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၁၈ ရက်(ယနေ့) တွင် မွန်ပြည်နယ်အတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

မော်လမြိုင်တွင် ယခင်က ပင်လယ်ဆိပ်ကမ်းရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အသုံး ပြုမှုမရှိတော့၍ မော်လမြိုင်ဒေသတွင် ပင်လယ် ဆိပ်ကမ်းတစ်ခုနှင့်အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“နောင်တစ်ချိန်မှာ မော်လမြိုင်ဒေသကို ခရီးသွားတွေ ဝင်ရောက်မှုပိုမိုအားကောင်းလာစေဖို့နဲ့ လေ ကြောင်းကနေ ကုန်စည်စီးဆင်းမှုတွေ မြှင့်တင် ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ရှင်းပြသည်။

ထို့ပြင် ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် ပြည်နယ်အတွင်းနှင့်ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများအား အဓိကအသုံးပြုနိုင်ရန်လိုကာ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် ကုန်ကြမ်းများ၊မြေပေါ်မြေအောက် သယံ ဇာတပစ္စည်းကုန်ကြမ်းများကို အသုံးပြုနိုင်ပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ဟု ဆို သည်။

မွန်ပြည်နယ်အတွင်း စပါးစိုက်ပျိုးခြင်း၊ဥယျာဉ်ခြံ မြေများစိုက်ပျိုးခြင်း၊အခြားဆီထွက်သီးနှံနှင့်ရာ ဘာ စက်မှုထွက်ကုန်များရှိကာ စိုက်ပျိုးရေးထွက် ကုန်များအားအခြေခံသည့် ထုတ်ကုန်များကို များစွာ ထုတ်လုပ်နိုင်ရန်လိုသည်ဟု အကြံပြုသည်။

“မွန်ပြည်နယ်ရဲ့ စပါးအထွက်နှုန်းက ပန်းတိုင်ရည် မှန်းချက်ထက်နည်းပါးနေတာကြောင့် တစ်ဧကအထွက်နှုန်းတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်စေလိုပါတယ် အထွက်နှုန်းတွေ တိုးတက်ကောင်း မွန်လာမယ်ဆိုရင် ဒေသစားသုံးမှု ဖူလုံတဲ့အပြင် တခြားဒေသတွေနဲ့ပြည်ပကို တင်ပို့နိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကဆိုသည်။

မော်လမြိုင်ဒေသ၌ ရာဘာစိုက်ပျိုးမှုများတွင် ရာ ဘာအထွက်နှုန်းများ ယခုထက်တိုးတက်အောင် ဆောင်ရွက်ရန်လိုကာ မွန်ပြည်နယ်အတွင်း ကျွဲနှင့် နွားမွေးမြူမှုများလည်းရှိ၍ ယင်း လုပ်ငန်းများမှတဆင့် သားရေထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်၍ရသည်ဟု ပြောသည်။

“အဲဒီကနေ ဖိနပ်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပြီး တစ်နိုင်ငံလုံးဈေးကွက်ကို ဖြန့်ဖြူးနိုင်တဲ့အထိ ရည်မှန်းလုပ်ဆောင်ဖို့လိုပါတယ် ။ဒါ့အ ပြင် ရာဘာလုပ်ငန်းတွေကနေ ပြည်တွင်းလိုအပ် ချက်ရှိတဲ့ ကား၊ဆိုင်ကယ်တွေအတွက် တာယာတွေထုတ်လုပ်နိုင်မယ်ဆိုရင် အကျိုးဖြစ်ထွန်းစေနိုင်မှာပါ ။နိုင်ငံတော်ကလည်း လိုအပ်တဲ့ပံ့ပိုးကူညီမှုတွေဆောင်ရွက်ပေးသွားပါမယ်”ဟု နစက ဥက္ကဋ္ဌက ကတိ​ပေးသည်။

ထို့ပြင် မွန်ပြည်နယ်သည် သစ်၊ဝါးပေါများ၍ နိုင်ငံ၏ စက္ကူလိုအပ်ချက်အရ ပြည်ပမှတင်သွင်းနေရမှုအား သစ်နှင့်ဝါးများစိုက်ပျိုး၍ ပျော့ဖတ်စက္ကူထုတ်လုပ်ခြင်းနှင့်ဝါးကိုအခြေခံသည့် ကုန်ထုတ် လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်၍ရသည်ဟု အကြံပြုခဲ့သည်။

“မြေလွတ်မြေရိုင်းတွေပေါ်မှာ သစ်နဲ့ဝါးစိုက်ပျိုးတာကို အမှန်တကယ်ဆောင်ရွက်မယ်ဆိုရင် နိုင်ငံတော်အနေနဲ့ သတ်မှတ်ချက်တွေနဲ့အညီ ခွင့်ပြုပေးသွားမှာပါ ဒါ့အပြင် ဥယျာဉ်ခြံမြေတွေကိုလည်း မိရိုးဖလာစိုက်ပျိုးခြင်းထက် ခေတ်မီသည့်နည်းပညာတွေသုံးပြီး အသီးအနှံအထွက်နှုန်းတိုး တက်ကောင်းမွန်တဲ့မျိုးတွေ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့လိုပါတယ်။ ထုပ်ပိုးမှုစနစ်ကိုလည်း ကောင်းမွန်အောင်ဆောင်ရွက်ရင် လူတွေစိတ်ဝင်စားမှုရှိလာပြီး ထုတ်ကုန်တွေဈေးနှုန်းကောင်းရပြီး ရောင်းအားတိုးတက်လာမှာပါ”ဟု နစက ဥက္ကဋ္ဌကအား​ပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here