မောင်တောဒေသတွင် တာဝန်ထမ်းဆောင်နေသည့် UNHCR ဝန်ထမ်းများ နေထိုင်ခွင့်နှင့်ခရီး သွားလာခွင့်ထပ်မံတိုးမြှင့်တင်ပြမှုအပေါ် ခွင့်ပြုပေးနိုင်ရန်ဆောင်ရွက်လျက်ရှိ

0
176

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် Ms. Hai Kyung Jun အား အောက်တိုဘာ ၁၈ ရက်မွန်းလွဲ ၂ နာရီက နေပြည်တော်၌ လက်ခံတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် UNDP-UNHCR တို့ကြား နားလည်မှုစာ ချွန်လွှာ MoU ရေးထိုး၍ ရခိုင်ပြည်နယ်၊ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များအတွင်း ဒေသခံပြည်သူများအတွက် အကျိုးသက်ရောက်မှု ထိရောက်မြန်ဆန်သည့် လုပ်ငန်းဆိုင်ရာစီမံကိန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

MoU မူဘောင်အရ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအပါအဝင် အခြားဝန်ကြီးဌာနများနှင့်လုပ်ငန်းများပူးပေါင်းဆောင် ရွက်လျက်ရှိကာ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေ သည်ဟု ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ်အားမလိုလားသည့်အဖွဲ့များက နှောင့်ယှက်ဟန့်တားနေကာ ရခိုင်ပြည်နယ်အ တွင်း လုံခြုံရေးအခြေအနေအရ ဆောင်ရွက်နိုင်သမျှနေရာများသို့ သွားရောက်ဆောင်ရွက်ခွင့်ရရှိရန် ကူညီဆောင်ရွက်ပေးသွားမည်ဟု ဆွေးနွေးပြောကြားသည်။

မောင်တောဒေသတွင် တာဝန်ထမ်းဆောင်နေသည့် UNHCR ဝန်ထမ်းများနေခွင့်နှင့်ခရီးသွားလာခွင့်ထပ်မံတိုးမြှင့်တင်ပြမှုအား ခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ပြင်ဆင်ဆောင်ရွက်ထား သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here