အင်းစိန်တွင် ဆိုင်ကယ်ငှားစီးကာ ဓားထောက်လုယက်သူ (၃) ဦးအား ပြည်သူလူထုက ဝိုင်းဖမ်းရာ (၂) ဦးကို ဖမ်းမိပြီး (၁) ဦးထွက်ပြေး၊ ပြည်သူ (၁) ဦးဓားဒဏ်ရာရ

0
286

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ် ကွက်၊ပုလဲလမ်းမကြီးပေါ်တွင် အောက်တိုဘာ ၁၉ ရက် (ယနေ့) နံနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် တွဲလက်လူမှုကူညီရေးအဖွဲ့တို့မှ သိရသည်။

ယနေ့နံနက် ၇ နာရီကျော်ခန့်က အမည်၊ အသက်၊ နေရပ်လိပ်စာ(စစ်ဆေးဆဲ)အမျိုးသား (၃) ဦးသည် ဆိုင်ကယ် (၂) စီးအားငှားရမ်း၍ အခင်းဖြစ်နေရာအရောက် ဆိုင်ကယ်မောင်းသူ (၂) ဦးအား ဓားဖြင့်ထောက်၍ ဆိုင်ကယ်များအားလုယက်ခဲ့ကြသည်။

ထိုသို့ လုယက်စဥ် ဆိုင်ကယ်မောင်းနှင်သူ (၁) ဦးမှ အော် ဟစ်ခဲ့သဖြင့် ဖြစ်စဥ်အားမြင်တွေ့သူ (၁) ဦးက ဆိုင်ကယ်ရှေ့မှပိတ်၍ တားဆီးရာ လုယက်သူ (၁) ဦးက ဓားဖြင့် တို က်ခိုက်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“တစ်ယောက်ကတော့ထွက်ပြေးသွားတယ် ကျန်တဲ့ (၂) ယောက်ကိုတော့အနီးနားကလူတွေဝိုင်းဖမ်းလို့မိသွားပါတယ် သူတို့က (၃) ယောက်လာတာ”ဟု တွဲလက်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြော သည်။

ဖြစ်စဥ်မှ လုယက်သူ (၂) ဦးနှင့် လုယက်သူများအား တားဆီးပေးသူ (၁) ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် သက် ဆိုင်ရာရဲစခန်းနှင့်ချိတ်ဆက်ကာ အင်းစိန်မြို့ နယ်ကြက် ခြေနီသူနာပြုတပ်ဖွဲ့နှင့်တွဲလက်လူမှုကူညီရေးအဖွဲ့တို့က အင်းစိန်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here