AI စက်ရုပ်အသစ်က လူသား စစ်တုရင်ဆရာများကို အနိုင်ယူ

0
275

SenseRobot ဟု အမည်ပေးထားသည့် AI စက်ရုပ်အသစ်တစ်ခုနှင့် လူသားစစ်တုရင်ဆရာများ ပထမဆုံး ယှဉ်ပြိုင်ပွဲကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ရှန်ဟိုင်းတွင် ကျင်းပခဲ့ရာ စက်ရုပ်က လူသား စစ်တုရင်ဆရာအတော်များများကို အနိုင်ယူသွားခဲ့သည်။

ယင်းစက်ရုပ်အသစ်သည် ယခင်က နာမည်ကျော်ခဲ့သော AlaphGo နှင့်မတူပဲ၊ ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားသည့်အပြင် စက်ရုပ်၏ ရွှေ့ကွက်များကိုလည်း လူသားမှတစ်ဆင့် ရွှေ့ပေးစရာမလိုပဲ သူကိုယ်တိုင်ပင် ရွှေ့ကာ ယှဉ်ပြိုင်နိုင်သော စက်ရုပ်ဖြစ်သည်။

“SenseRobot ဟာ တကယ့်လူသား စစ်တုရင်သမားတစ်ယောက်လိုပါပဲ။ သူနဲ့ ယှဉ်ပြိုင်ကစားနေရတာဟာ လူသားတစ်ယောက်နဲ့ ကစားနေရသလိုမျိုး ခံစားရပါတယ်”ဟု လူငယ် စစ်တုရင် ချန်ပီယံ Gu Bowen ကပြောသည်။

အဆိုပါစက်ရုပ်ကို တရုတ်ယွမ် ၁၉၉၉(ကန်ဒေါ်လာ ၂၇၈ ခန့်)ဈေးနှုန်းဖြင့် စတင်ကာ ရောင်းချပေးသွားမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here