တရုတ်နိုင်ငံသည် ၎င်း၏ စစ်တပ်ကို လေ့ကျင့်ရန် ဗြိတိန်လေယာဉ်မှူးများကို ခေါ်ယူစုဆောင်းနေကြောင်း ဗြိတိန်သတိပေး

0
238

ဗြိတိန်အစိုးရက တရုတ်နိုင်ငံသည် ဗြိတိသျှ စစ်ဘက်လေယာဉ်မှူးဟောင်းများနှင့် လက်ရှိ တာဝန်ထမ်းဆောင်နေသူများကိုပါ ၎င်း၏ စစ်တပ်ကိုလေ့ကျင့်ပေးရန်အတွက် လျော်ကြေးငွေ အမြောက်အများပေးကာ ကမ်းလှမ်းနေကြောင်း သတိပေးခဲ့ပြီး အမျိုးသားလုံံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ထိုကဲ့သို့ လူစုဆောင်းခေါ်ယူခြင်း အစီအစဉ်များကို ရပ်တန့်ရန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

ယခုလက်ရှိ တရုတ်နိုင်ငံတွင် ဗြိတိန်စစ်တပ်မှ လေယာဉ်မှူးဟောင်း ၃၀ ဦးအထိ လေ့ကျင့်သင်ကြားမှုများကို လုပ်ဆောင်ပေးနေပြီး လက်ရှိ တာဝန်ထမ်းဆောင်နေသော ဗြိတိန် လေယာဉ်မှူးများအပါအဝင် အခြားအမှုထမ်း အများအပြားကိုလည်း ချဉ်းကပ်ထားကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန (အမ်အိုဒီ) က ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသည် ၎င်း၏ လေယာဉ်မှူးများကို တိုက်ရိုက်လေ့ကျင့်ပေးရန်နှင့် အစိုးရပိုင် ကာကွယ်ရေးစက်မှုလုပ်ငန်းကုမ္ပဏီများ၊ သုတေသနအဖွဲ့အစည်းများကို ပံ့ပိုးကူညီရန်အတွက် ဗြိတိန်နှင့် အခြားသော အနောက်တိုင်း လေယာဉ်မှူးများအား ကြားခံအဖွဲ့များကို သုံး၍ ရှာဖွေနေသည်ဟု အမ်အိုဒီက ဆိုသည်။

“လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အမှုထမ်းအသစ်ရော၊ အဟောင်းရော အားလုံးဟာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို လိုက်နာရပါတယ်၊ အမျိုးသား လုံခြုံရေး ဥပဒေပြုအဖွဲ့သစ်ဟာ ခေတ်သစ် လုံခြုံရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နောက်ထပ် ဥပဒေသစ်တွေ ရေးဆွဲနေချိန်မှာ ကျွန်တော်တို့ဟာ ကာကွယ်ရေးဆိုင်ရာ လျှို့ဝှက်စာချုပ်တွေနဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်း မပြုရန် သဘောတူညီချက်တွေရဲ့ အသုံးပြုနိုင်စွမ်းအပေါ် ပြန်လည်သုံးသပ်နေပါတယ်” ဟု ပြောရေးဆိုခွင့်ရှိက ပြောကြားခဲ့သည်။

အမ်အိုဒီက ဗြိတိန်နိုင်ငံမှ လေယာဉ်မှူးဟောင်းများသည် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေအား ချိုးဖောက်မည့် အချက်အလက်များ ကမ်းလှမ်းခဲ့သည်ဟူသော သက်သေများ မတွေ့ရှိရသေးကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်စစ်တပ်နှင့် စစ်မှုထမ်းဟောင်းများဆိုင်ရာ ၀န်ကြီး ဂျိမ်းစ် ဟက်ပီက အစိုးရသည် ၎င်းတို့၏ စစ်ရေးဆိုင်ရာ ပညာရပ်များကို တရုတ်စစ်တပ်ထံ လွှဲပြောင်းပေးနေသည့် စစ်ဘက်လေယာဉ်မှူးများအား အပြစ်ပေးနိုင်ရန်အတွက် ဥပဒေကို ပြောင်းလဲရန် ကြိုးပမ်းနေသည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အမှုထမ်းတွေကို သတိပေးခြင်းခံထားရပြီး လေ့ကျင့်မှုတွေ ဆက်လက်လုပ်ဆောင်နေရင် ရာဇဝတ်မှုမြောက်မယ့် ဥပဒေကိုပြဌာန်းသွားပါမယ်၊ တရုတ်ဟာ ဗြိတိန်ရဲ့ အကျိုးစီးပွားကို ကမ္ဘာတစ်ဝန်း အဖက်ဖက်ကနေ ခြိမ်းခြောက်နေတဲ့ ပြိုင်ဘက်ပါ” ဟု ဟက်Loveက စကိုင်းနယူးစ် သတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here