အင်းစိန်ဗဟိုအကျဉ်းထောင်၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဥ်တွင် အသက်(၁၀)နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦးသေဆုံး ၁၈ ဦးဒဏ်ရာရပြီး မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးထပ်တွေ့ဟု နစက ထုတ်ပြန်

0
222

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဥ်းထောင်၌ အောက်တိုဘာ ၁၉ ရက်(ယနေ့) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဥ်၌ အသက်(၁၀)နှစ်အရွယ် ကလေးငယ် ၁ ဦး၊အကျဥ်းထောင်တပ်သားများ အပါအဝင် ၈ ဦးသေ ဆုံးကာ ၁၈ ဦးထိမှန်ဒဏ်ရာများရရှိခဲ့ပြီး မပေါက် ကွဲသေးသည့် မိုင်းတစ်လုံးထပ်တွေ့ဟု နစက ကထုတ်ပြန်ခဲ့သည်။

ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က အင်းစိန်ဗဟိုအကျဥ်းထောင်၏ ဝင်/ထွက်ဂိတ်ပေါက်ရှိ အကျဉ်း သားများအတွက် ပါဆယ်ထုပ်လက်ခံသည့် အ ဆောက်အဦးအတွင်းနှင့်အပြင်ဘက်တို့တွင် ပါ ဆယ်ထုပ်များအတွင်းထည့်ထားသည့် မိုင်းများပေါက်ကွဲခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုများကြောင့် အခင်းဖြစ်နေရာအနီးတွင် တာဝန်ထမ်းဆောင်နေသော အကျဉ်းထောင်တပ်သားများဖြစ်သည့် ကိုကျော်ဇင်ဦး၊ကိုချစ်မိုးဝေ၊မပိုးအိစံ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့သည့် ဒေါ်သင်းသင်းချို (၅၄)နှစ်၊မယွန်းမီမီကျော်(၁၀)နှစ်၊ဒေါ်သိန်းကြွယ် (၅၆)နှစ်နှင့်စိစစ်ဆဲ အမျိုးသမီး ၂ ဦး(စုစုပေါင်း ၈ ဦး)တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်း ဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အကျဉ်းထောင်လက်ထောက်ကြီးကြပ်ရေးမှူး(၁)ဒေါ်သိင်္ဂီဝင်းမြင့်၊အကျဉ်းထောင်တပ် သား ကိုဇေယျာခင်စိုး၊ကိုထွန်းထွန်းနိုင်၊ကိုသူရိန်ထွေး၊မသဒ္ဒါဖူးကိုကို အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့သည့် မောင်ဖြိုးသူလျှံ(ခ)ပိုင်ပိုင်(၉)နှစ်၊ကိုရန်နိုင်(၃၅)နှစ်၊ကိုစည်သူအောင်(၃၈)နှစ်၊မောင်ပြည့်စုံဖြိုး(၁၇)နှစ်၊ကိုထက်နိုင်ထွန်းရှိန်(၃၃)နှစ်၊ဒေါ်ဇာခြည်လွင်(ခ)မလုံးစီ (၄၃)နှစ်၊မအေးစန္ဒာစိုး(၂၁)နှစ်၊ဒေါ်မျိုးပပဝင်း (၄၁)နှစ်၊မမေသွန်းနဒီနိုင်(၁၇)နှစ်၊ဒေါ်နော်ဝါးဖော (၅၀)နှစ်၊မဆွေသူအောင်(၂၉)နှစ်၊မဇင်မာဝင်း (၃၄)နှစ်၊ဒေါ်မိုးသီတာ(၅၃)နှစ်(စုစုပေါင်း ၁၈ ဦး) တို့တွင်လည်း မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူများနှင့်ထိမှန်ဒဏ်ရာရရှိသူများအား အင်းစိန် မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက အခင်း ဖြစ်နေရာအား မိုင်းရှင်းလင်းရေးပြုလုပ်ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အဆောက်အဦးအ တွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့် ပါ ဆယ်ထုပ်အတွင်းမှ လက်လုပ်မိုင်းတစ်လုံးအား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်၍ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

“ဗုံးပေါက်ပြီးတော့ ထောင်အဝင်အထွက်တွေကိုပိတ်ထားပြီး စစ်ဆေးနေကြတယ် ဖြတ်သန်းခွင့်မပေးတော့ဘူး စစ်သားတွေကော ရဲတွေကောအများကြီးပဲ ကျွန်တော်တို့အသင်းကို ဖုန်းဆက်ခေါ်တာတော့မရှိပါဘူး ကျွန်တော်တို့ကတော့ လိုအပ်ရင် တစ်ခါထဲထွက်လို့ရအောင် အဆင်သင့်လုပ်ထားပြီးသားပါ”ဟု အင်းစိန်မြို့နယ်အခြေစိုက် လူမှုကူ ညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်၌ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here