BTS အဖွဲ့ဝင် ဂျင်သည် စစ်မှုမထမ်းဆောင်မီ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ကို လာမည့်အပတ်တွင် ထုတ်လွှင့်သွားမည်

0
271

ဆိုးလ်၊ အောက်တိုဘာ ၁၉

BTS အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကေပေါ့အဆိုတော် ဂျင်သည် ၎င်း၏ ပထမဆုံး တရားဝင် တစ်ကိုယ်တော်အယ်လ်ဘမ်ကို လာမည့် အပတ်တွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့၏ အေဂျင်စီဖြစ်သည့် ဘစ်ဟစ်က အောက်တိုဘာလ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါကြေညာချက်သည်ဂျင်ကမကြာမီ စစ်မှုထမ်းဆောင်တော့မည် ဖြစ်ကြောင်း ကြေငြာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အာကာသယာဉ်မှူးဟု အမည်ဟုပေးထားသော သီချင်းကို အောက်တိုဘာလ ၂၈ ရက် ကိုရီးယားစံတော်ချိန် နေ့လည် ၁ နာရီ (မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲ) တွင် ထွက်ရှိသွားမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ညနေ့ပိုင်းမှစ၍ ကြိုတင်မှာယူမှုများ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

“ဒီသီချင်းက ပရိသတ်တွေကို ကျေးဇူးတင်တဲ့အနေနဲ့ ရည်စူးပြီး လုပ်ထားတဲ့အတွက် အာကာသယာဉ်မှူး သီချင်းက မင်းတို့အားလုံးအတွက် လက်ဆောင်တစ်ခုဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်” ဟု ဘစ်ဟစ်၏ ပို့စ်တစ်ခုတွင် ရေးသားထားသည်။

ဂျင်သည် အောက်တိုဘာလ နှောင်းပိုင်းတွင် စစ်မှုထမ်းဆောင်ခြင်းကို ထပ်မံရွှေ့ဆိုင်းပေးရန်အတွက် တောင်းဆိုချက်ကို ပယ်ဖျက်သွားမည်ဟု ဘစ်ဟစ်ကို ပိုင်ဆိုင်သည့် BTS၏ စီမံခန့်ခွဲမှုအဖွဲ့ ဟိုက်ဘ်က ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အခြားအဖွဲ့ဝင်များသည်လည်း ၎င်းတို့၏ မဖြစ်မနေစစ် ထမ်းရမည့် တာဝန်ကို ထမ်းဆောင်ရန် စီစဉ်ထားသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here