ဘိုင်ဒင်သည် အမေရိက၏ ရေနံသိုလှောင်သိုက်များမှ စည်ပိုင်းပေါင်း ၁၅ သန်းကို ထုတ်လွှတ်ပေးမည်

0
240

ဝါရှင်တန်၊ အောက်တိုဘာ ၁၉

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အမေရိကန်၏ အရေးပေါ်သုံး မဟာဗျူဟာမြောက် ရေနံသိုလှောင်သိုက်များမှ နောက်ဆုံး ရေနံစည်ပိုင်းပေါင်း သန်း ၅၀ ရောင်းချမည့် ကမ်းလှမ်းချက်ကို အောက်တိုဘာလ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် ကြေညာသွားမည်ဖြစ်ပြီး စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာပါက ပိုမိုထုတ်ပေးသွားဖြစ်ကြောင်း အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မဟာဗျူဟာမြောက် ရေနံသိုလှောင်သိုက်မှ အဆိုပါ ရေနံထုတ်လွှတ်မှုအသစ်သည် ရုရှား-ယူကရိန်း အရေးအခင်းနှင့် ဆက်နွယ်နေသော ရေနံဈေးမြင့်တက်မှုကို တုံ့ပြန်သည့်အနေဖြင့် နွေဦးတွင် ရောင်းချရန် တရားဝင်ခွင့်ပြုထားသော ရေနံစည်ပိုင်းပေါင်း သန်း ၁၈၀ ၏ နောက်ဆုံးအသုတ်ဖြစ်သည်ဟု အမေရိကန် အကြီးတန်း အရာရှိတစ်ဦးက အင်္ဂါနေ့ (မနေ့)က ပြောကြားခဲ့သည်။

မိန့်ခွင်းတွင် ဘိုင်ဒင် ကြေညာမည့် အဆိုပါအမိန့်သည် ကမ္ဘာ့ဈေးကွက်များကို အနှောင့်အယှက်ဖြစ်စေသော ရုရှား သို့မဟုတ် အခြားသော အရာများကြောင့် လိုအပ်လာပါက အစိုးရသည် ယခုနှစ် ဆောင်းရာသီတွင် ရေနံများကို သိသိသာသာ ထပ်တိုးရောင်းချသွားရန် ပြင်ဆင်ထားသည်ကို ပြသနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အရေးပေါ် ရေနံသိုလှောင်သိုက်မှာ ပုံမှန်အားဖြင့် ရေနံချက်စက်ရုံများ ဟာရီကိန်းမုန်တိုင်းကြောင့် ပိတ်လိုက်ရသည့်အချိန်မျိုးတွင် အသုံးပြုရန်အတွက် သိမ်းဆည်းထားခြင်း ဖြစ်သည်။

ထို့ကြောင့် အရေးပေါ် ရေနံသိုလှောင်သိုက်ထဲမှ ယင်းကဲသို့ အကြီးမားဆုံး ရေနံ ထုတ်လွှတ်ပေးသည့် ဆုံးဖြတ်ချက်သည် စွမ်းအင်ဈေးကွက်များ တည်ငြိမ်စေရန်နှင့် ယူကရိန်းစစ်ပွဲများကြောင့် မတည်မငြိမ် ဖြစ်လာသော ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကို ကာကွယ်ရန်အတွက် ဘိုင်ဒင်ပြုလုပ်ခဲ့သော စီမံချက်ဖြစ်သည်။

ယူကရိန်းအရေးအခင်းကြောင့် အမေရိကန်၌ တစ်ခါတွင် ဓာတ်ဆီဈေးသည် ပျမ်းမျှ တစ်ဂါလံလျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာကျော်အထိ မြင့်တက်ခဲ့ပြီး တစ်နိုင်ငံလုံးကို ဒေါသထွက်စေခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here