ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု- ဗိုလ်ချုပ်ကြီးစိုးထွဋ် အင်းစိန်ဗဟိုအကျဉ်းထောင်ပေါက်ကွဲမှုဖြစ်စဥ်၌ သေဆုံးသူများ၏ မိသားစုဝင်များနှင့်ဆေးကုသမှုခံယူနေရသူများအား တွေ့ ဆုံအားပေးပြီးထောက်ပံ့ငွေများပေးအပ်

0
489

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်သည် အောက်တိုဘာ ၁၉ ရက်နေ့လည်ပိုင်းက အင်းစိန်ဗဟိုအကျဥ်းထောင်တွင် ပါဆယ်မိုင်းပေါက်ကွဲမှုဖြစ်စဥ်၌ သေ ဆုံးသူများ၏ မိသားစုဝင်များနှင့်ဒဏ်ရာရသူများအား တွေ့ဆုံအားပေးပြီးထောက်ပံ့ငွေများပေး အပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်ဗဟိုအကျဉ်း ထောင်အစည်းအဝေးခန်းမ၌ ပေါက်ကွဲမှုဖြစ်ပွားစဉ် သေဆုံး၊ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် အကျဉ်းထောင်ဝန်ထမ်းများနှင့်၎င်းတို့၏ မိသားစုဝင်များအားတွေ့ဆုံ၍ နှစ်သိမ့်အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ထို့ပြင် ညနေပိုင်း၌ အင်းစိန်မြို့နယ်ပြည်သူ့ဆေး ရုံတွင် ပေါက်ကွဲမှုဖြစ်စဥ်၌ သေဆုံးထိခိုက်ဒဏ် ရာရရှိခဲ့ကြသဖြင့် ဆေးကုသမှုခံယူနေရသည့် အ ကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပြည်သူများအားတွေ့ဆုံ၍ နှစ်သိမ့်အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်က ပါဆယ်မိုင်းပေါက်ကွဲခဲ့သည့် အင်းစိန်ဗ ဟိုအကျဥ်းထောင်၏ ဝင်/ထွက်ဂိတ်ပေါက်ရှိ အ ကျဉ်းသားများအတွက် ပါဆယ်ထုပ်လက်ခံသည့် အဆောက်အဦးအတွင်းနှင့်အပြင်ဘက်တို့အား ကြည့်ရှုစစ်ဆေးပြီး အစည်းဝေးခန်းမ၌ အကျဉ်း ထောင်တာဝန်ရှိသူများနှင့်လုံခြုံရေးဆိုင်ရာများအား ညှိနှိုင်းဆွေးနွေးခဲ့သည်။

အင်းစိန်ဗဟိုအကျဥ်းထောင်အား ပါဆယ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဥ်အား Special Task Agency of Burma(STA)အဖွဲ့က ထောင်မှူးအားပစ်မှတ်ထား၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုများဖြစ်စဥ်ကြောင့် အကျဉ်းထောင် ဝန်ထမ်း ၃ ဦးနှင့်အကျဉ်းသားများအတွက် ပါ ဆယ်ထုပ်လာရောက်ပေးပို့သည့် အရပ်သားပြည်သူ အသက်(၁၀)နှစ်အရွယ် ကလေးငယ် ၁ ဦးအ ပါအဝင် ၅ ဦး(စုစုပေါင်း ၈ ဦး)အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အကျဉ်းထောင်ဝန်ထမ်း ၅ ဦးနှင့်အ ရပ်သားပြည်သူ ၁၃ ဦး(စုစုပေါင်း ၁၈ ဦး)တို့ထိ ခိုက်ဒဏ်ရာများရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here