ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားတစ်စီးတိမ်းမှောက်၍ ၄ ဦးဒဏ်ရာရ

0
167

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ စကားအင်းအမြန်လမ်းရဲစခန်းအပိုင်၌ အောက်တိုဘာ ၁၉ ရက်ညပိုင်းက ကားတစ်စီးတိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယင်းနေ့ည ၆ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်-မန္တ လေးအမြန်လမ်းမကြီး၏ စကားအင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် (၃၃၃/၀)တွင် SOJEN (အဖြူရောင်)ကားတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်အား စကားအင်းအမြန်လမ်းမီးသတ်စ ခန်း၊စကားအင်းအမြန်လမ်းရဲစခန်းမှတို့တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ပေးခဲ့ကြသည်။

ကားတိမ်းမှောက်မှုကြောင့် လိုက်ပါလာသည့် အ မျိုးသား ၄ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လူနာတင်ကားဖြင့် တံတာဦးမြို့နယ်ပြည့်သူ့ဆေး ရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ကားမောင်းသူအား စကားအင်းအမြန်လမ်းရဲစခန်းက ဥပဒေအရအရေးယူရန် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here