ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးကို တစ်ကမ္ဘာလုံး အရေးပေါ်ဆောင်ရွက်ဖို့ ကုလအတွင်းရေးမှူးချုပ် တောင်းဆို

0
227

ကမ္ဘာမှာဆင်းရဲနွမ်းပါးမှုလျော့ပါးစေရေးကို ကမ္ဘာ့နိုင်ငံအားလုံး အရေးပေါ်အခြေအနေအဖြစ်သတ်မှတ်ပြီး ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနေ့ဖြစ်သည့် တနင်္လာနေ့က တောင်းဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ဟာ နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနေ့ဆိုတာကို သတ်မှတ်ထားသလို၊ ကမ္ဘာကြီးမှာ ဆင်းရဲနွမ်းပါးမှုတွေဖြစ်ပေါ်နေပြီ နောက်ပြန်သွားနေတာကိုလဲ အားလုံးဝိုင်းပြီး ဟန့်တားဆောင်ရွက်ပေးကြဖို့ လိုပါတယ်”ဟု ဂူတားရက်စ်ကပြောကြားခဲ့သည်။

ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာပေါ်တွင် သန်းနှင့်ချီသောလူသားများ ဆင်းရဲနွမ်းပါးမှုဆိုက်ရောက်ကုန်ကြပြီး၊ ယခုအခါ အခြားသော ကိစ္စရပ်အမျိုးမျိုးကြောင့်လည်း စီးပွားရေးနလန်မထူဖြစ်နေကြခြင်းကြောင့် ကမ္ဘာပေါ်တွင် ဝင်ငွေနည်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှုတို့ ပိုမိုဆိုက်ရောက်လာနေကြောင်း နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက ထောက်ပြလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here