ရခိုင်စစ်မီး ပိုမိုတောက်လောင်လာနိုင်ပြီး ဒေသခံပြည်သူ များ ပိုမိုဒုက္ခရောက်လာနိုင်သည့်အတွက် နှစ်ဖက်ညှိနှိုင်းအဖြေရှာကြရန် ဒေါက်တာအေးမောင် တိုက်တွန်း

0
353

လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်တွင် စစ်မီးပိုမိုကြီးထွားလာနိုင်ပြီး ဒေသခံများ စစ်ဘေးဒဏ်ပိုမိုခံစားလာနိုင်ရ‌သဖြင့် နှစ်ဖက်ညှိနှိုင်ကြစေလိုကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြော သည်။

ရခိုင်တကျော့ပြန်စစ်ပွဲနှင့် ဒေသခံရခိုင်လူထု၏ စစ်ဘေး ဒဏ် ခံနေရမှုအပေါ် ၎င်း၏ သဘောထားကို မေးမြန်းစဉ် ဒေါက်တာအေးမောင်က ပေါ်ပြူလာနယူး(စ်) သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” အခုကြည့်ရတာ ရခိုင်ဒေသမှာ စစ်မီးက ပိုပြီးတောက်လောင်လာမယ့် သဘော တွေ့နေရတယ်။ ဒေသခံတွေလည်း တော်တော်လေး ခံရမယ့် သဘောတွေ့တာပေါ့။ ကြားမှာတော့ လူထုကပဲ ခံရတာပေါ့ဗျာ ။ ကျွန်တော်တို့ကတော့ ရပ်စဲစေချင်တယ်။ နှစ်ဘက်ညှိနှိုင်းကြစေချင်တယ်။ ဒါလေးကတော့ ကျွန်တော်တို့ရဲ့ ဆန္ဒပါ” ဟု ဒေါ က်တာအေးမောင်က ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် မောင်တောဒေသ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ တောင်ကုတ်ဒေသများနှင့် ပလက်ဝဒေသအပါအဝင် မြို့နယ်အများအပြားတွင် ရခိုင့်တပ်တော် AA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး ဒေသခံအများအပြား စစ်ဘေးဒဏ် ခံနေရခြင်း ဖြစ်သည်။

အဆိုပါ တကျော့ပြန် စစ်ပွဲများနှင့်ပတ်သက်၍ ရခိုင်နိုင် ငံရေး ပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီကလ ည်း သဘောထား ထုတ်ပြန်ထားသည်။

အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် ရပ်ကွက်ကျေး ရွာများကို အကာအကွယ်ယူကာ တိုက်ပွဲဖော်ဆောင်နေမှုများ ရပ်တန့်ရန်နှင့် အရပ်သား ထိခိုက်သေဆုံးမှုများကို အ ပြင်းအထန်ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ဖော်ပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မိုင်တိုင်(၄၀) နယ်ခြားစောင့်စခန်းကို ရခိုင့်တပ်တော်AA က စတင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တကျော့ပြန်တိုက်ပွဲများသိသိသာသာ ပြန်လည်ပြင်းထန်လာခြင်းဖြစ်သည်။

လက်ရှိတွင် နှစ်ဘက်မှ လုံခြုံရေး တင်းကြပ်ခြင်း ၊ ရေ လမ်း၊ ကုန်းလမ်းများကို ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ကာ လမ်းကြောင်းပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင် လာနေမှုကြောင့် ဒေသခံ ရခိုင်ပြည်သူလူထုအနေဖြင့် အ ခက်အခဲများ ရင်ဆိုင်နေရကြောင်း ဒေသခံ သတင်းရင်း မြစ်များထံမှ သိရသည်။

” ပြည်သူဆိုတာကတော့ နှစ်ဘက်လုံးက မေတ္တာ ထားကြရပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းက ဖြစ်ဖြစ် ။ အစိုး ရ ၊ တပ်မတော်က ဖြစ်‌ဖြစ်ပေါ့နော်။ ပြည်သူအပေါ်မှာ မေ တ္တာ ထားပုံ ထားခြင်းကတော့ တူကြမှာပါ။ ပြည်သူမထိ ခိုက်ဖို့၊ ပြည်သူ့ မေတ္တာကို ပြန်ရဖို့က နှစ်ဖက်စလုံးက ကြိုးစားကြရမှာပေါ့ဗျာ။ မနာကြည်းသွားဖို့ကလည်း အ ရေးကြီးတာကိုးဗျ။ ဒါက ပြည်ထောင်စုဆိုတဲ့ကဏ္ဍကို စဉ်းစားတိုင်းမှာ မနာကြည်းသွားဖို့ဆိုတဲ့ ခံယူချက်တစ်ခုက ပါပြီးရင်း ပါလာတာကိုဗျ” ဟု ဒေါက်တာအေးမောင်က ပြောသည်။

လက်ရှိတွင် စစ်ဘေးသင့် ပြည်သူများထံ နိုင်ငံတကာအ ဖွဲ့အစည်းများ၏ လူသားခြင်းစာနာမှု အကူအညီများ ပို့ ဆောင်ခွင့်ကို ပိတ်ပင်ခြင်း ခံထားရပြီး အချို့တိုက်ပွဲပြ င်းထန်သည့် ဒေသများမှ ပြည်သူများမှာ စားနပ်ရိက္ခာ ပြ တ်တောက်မှုများပင် ရင်‌ဆိုင်နေရကြောင်း ဒေသတွင်း သ တင်းရင်းမြစ်များ၏ ပြောဆိုချက်များမှတဆင့် သိရသ ည်။

ရခိုင်တပ်တော် AA အနေဖြင့် ရခိုင်ဒေသအတွင်း စစ်ရေးအရ လွှမ်မိုးမှု ရယူနိုင်ရန် လုပ်ဆောင်နေပြီး မြန်မာ့တပ် မတော်အနေဖြင့်လည်း တပ်အင်အင်အား တောင့်တင်းလာသည့် AA အပေါ် ဖိအားပေး ထိုးစစ်ဆင်မှုများ လုပ် ဆောင်နေမှုကြောင့် စစ်ပွဲဧရိယာမှာ တဖြေးဖြေးပိုမိုကျ ယ်ပျံ့လာကာ မြို့ပေါ် ရပ်ကွက်များအထိပါ ရိုက်ခတ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here