မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်၌ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် မြန်မာ MoU အလုပ်သမားများအား ထိုင်းနိုင်ငံသို့စေလွှတ်ပါက ဌာနဆိုင်ရာအရာရှိများနှင့်တိုက်ရိုက်ညှိနှိုင်းဆောင် ရွက်ရန် MEAF အသိပေး

0
334

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် အောက် တိုဘာ ၁၈ ရက်ညနေပိုင်းမှစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် အာရှလမ်းမကြီးအား ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့သည်။

ထို့ကြောင့် ကုန်တင်ကားများ၊ခရီးသည်တင်ကားများနှင့်ကိုယ်ပိုင်ကားများမှာ ဖြတ်သန်းသွားလာ ၍ မရသဖြင့် နှစ်ဖက်ရာချီရပ်ထားရကာ ယင်း ကားများအနက် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာ MoU အလုပ်သမားများနှင့်အေဂျင်စီများမှ တာဝန်ရှိသူများလည်း ပါဝင်နေသည်ဟု မြန်မာပြည်ပအလုပ်အ ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MEAF)မှ အောက်တိုဘာ ၁၉ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

MEAF ၏ အသိပေးထုတ်ပြန်ချက်အရ အာရှလမ်းမကြီးပေါ်၌ တိုက်ပွဲဖြစ်ပွားနေသဖြင့် ကော့ကရိတ်နှင့်မြဝတီကြားတွင် အေဂျင်စီအချို့မှ စေ လွှတ်ခွင့်ရသည့် မြန်မာ MoU အလုပ်သမားများ ပိတ်မိနေကာ အချို့မှာလည်း ဘားအံ၊ကျုံဒိုး (ကော့ကရိတ်မြို့)တို့တွင် စောင့်ဆိုင်းနေရသည်ဟု သိရသည်။

ထို့ကြောင့် အောက်တိုဘာ ၁၉ ရက်မှ ၂၁ ရက်အတွင်း ထိုင်းနိုင်ငံသို့ မြန်မာ MoU အလုပ်သမားများအား စေလွှတ်ခွင့်ရရှိထားသည့် ပြည်ပအ လုပ်အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်ရအေ ဂျင်စီများသည် လက်ရှိမြေပြင်အခြေအနေကို လေ့လာစီစစ်ပြီးမှစေလွှတ်ရန် အသိပေးထုတ်ပြန်ခဲ့သည်။

ထို့အတူ မြန်မာ MoU အလုပ်သမားများအား စေ လွှတ်ရာ၌ ဌာနဆိုင်ရာအရာရှိများနှင့်တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်ရန်လည်း MEAF ကအသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here