ရုရှားနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် လည်ပတ်စေရန်ရည်ရွယ်၍ ရုရှားခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့် ၁ နှစ်ခွင့်ပြုထား

0
271

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်မှ အောက် တိုဘာ ၁၉ ရက်မွန်းလွဲပိုင်းက ဗွီဒီယိုကွန်ဖရင့်စ နစ်ဖြင့်ပြုလုပ်သည့် မြန်မာ-ရုရှား နှစ်နိုင်ငံခရီး သွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် လည်ပတ်စေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ဇူလိုင် လမှစတင်ကာ ရုရှားခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့် ၁ နှစ်ခွင့်ပြုထားပြီးဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ရုရှားနိုင်ငံနှင့်မြန်မာနိုင်ငံကြား လူမှုစီးပွားအကျိုးရလဒ်များ ဖွံ့ဖြိုးတိုးတက်စေရန် ခရီးသွားလုပ် ငန်းကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်လိုကာ မြန် မာ-ရုရှား ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရနှင့်ပုဂ္ဂ လိကပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် စိန့်ပီတာစဘတ်အစိုးရ အဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ရု ရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ရုရှားနိုင်ငံ၊ ခရီးသွားလုပ်ငန်းဖက်ဒရယ်အေဂျင်စီ၏ နိုင်ငံတလကာပူးပေါင်းဆောင်ရွက်ရေးဌာနခွဲ အကြီးအ ကဲ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှု၊လက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့်နှစ်နိုင်ငံကိုယ်စားလှယ်များက နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြသည်။

ထို့ပြင် စိန့်ပီတာစဘတ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ မစ်နာနာအမ်ဂဗီချီယာက နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအခန်းကဏ္ဍမှပူးပေါင်းဆောင်ရွက်လိုသည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

စိန့်ပီတာစဘတ်အစိုးရဘဏ္ဍာရေးဆိုင်ရာအဖွဲ့အ စည်း မြို့တော်ခရီးသွားသတင်းအချက်အလက် ပြန်ကြားရေးဗျူရို၏ ညွှန်ကြားရေးမှူးချုပ် မစ္စ တာအူရီဗီဘော်တာနော့ဖ်နှင့်စိန့်ပီတာစဘတ်ညီ လာခံနှင့်ပြပွဲပြသခြင်းဆိုင်ရာဗျူရို၏ ညွှန်ကြား ရေးမှူးချုပ် မစ္စတာဆာဂီလ် အက်စ်အာဇရမ်နော့ဖ်တို့ကလည်း ခရီးသွားဧည့်သည်များခရီးစဉ်ဒေ သများသို့ လွယ်ကူချောမွေ့စွာလည်ပတ်နိုင်ရန် ပြင်ဆင်ထားရှိမှု၊ခရီးသွားပြပွဲများနှင့်အစည်းအ ဝေးများကျင်းပခြင်းတို့အား ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here