အရှေ့အလယ်ပိုင်း နိုင်ငံများတွင် အခက်အခဲနှင့် ကြုံနေရသည့် မြန်မာအလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေကြောင်း ဆော်ဒီရှိ မြန်မာသံရုံးထုတ်ပြန်

0
179

အရှေ့အလယ်ပိုင်း နိုင်ငံများတွင် သွားရောက်အလုပ်လုပ် ကိုင်သူများထဲမှ အခက်အခဲများနှင့် ကြုံတွေ့နေရသူများကို မြန်မာအစိုးရအနေဖြင့် လိုအပ်သည့် ကူညီမှုများ လုပ် ဆောင်ပေးနေကြောင်း သိရသည်။

ယခု လပိုင်းများအတွင်း မြန်မာ လုပ်သားများ အခက်အ ခဲကြုံတွေ့ရမှု ပိုမိုများပြားလာပြီး အလုပ်ရှင်များ၏ အခွ င့် အရေးချိုးဖောက်မှုများ၊ ပွဲစားများ၏ လိမ်လည်ပို့ဆော င်မှုများ၊ လူကုန်ကူးခံရခြင်းများကို မြန်မာလုပ်သား အများအပြား ရင်ဆိုင်နေရခြင်းလည်း ဖြစ်သည်။

အဆိုပါ အခက်အခဲ ကြုံတွေ့ရမှုများအပေါ် ရီယာဒ်မြို့ရှိ မြန်မာသံရုံးမှ ကူညီဆောင်ရွက်ပေးနေကြောင်း အောက် တိုဘာ (၁၉) ရက်နေ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာသံရုံးသို့ ဆက်သွယ် အကူအညီ တော င်းခံလာသူများ၏ အချက်အလက်များကို စုံစမ်းစစ်ဆေးကာ ဖြစ်စဉ်အသေးစိတ်ကို သက်ဆိုင်ရာ အာဏာပိုင်များထံပေးပို့၍ သံတမန်လမ်းကြောင်းမှတဆင့်အကူညီပေးနိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကာတာနိုင်ငံနှင့် အိုမန်နိုင် ငံသို့ ရောက်ရှိနေသည့် မြန်မာအလုပ်သမားအချို့ အလု ပ်ရှင်နှင့် ပွဲစားများ၏ အလုပ်သမားအခွင့်အရေးချိုးဖော က်မှု၊ ညှင်းပန်းနှိပ်စက်မှုများ ခံနေရကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် မြန်မာသံရုံးက ကူညီဆောင်ရွက်နေကြောင်း ယခုလို သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

သံရုံးသို့ ဆက်သွယ်လာခြင်းမရှိပါကလည်း ရရှိသည့်သ တင်းများအပေါ် စိစစ်၍ အချက်အလက်များရရှိပါက သ က်ဆိုင်ရာနိုင်ငံအာဏာပိုင်များထံ သံတမန်လမ်းကြောင်းမှတဆင့် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသ ည်။

ထို့အပြင် အဆိုပါနိုင်ငံများရှိ မြန်မာ လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အခက်အခဲကြုံတွေ့နေရသူများ အဆ င်ပြေစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်းလည်း မြန်မာသံရုံးက ဆိုသည်။

ပြီးခဲ့သည့်၂၀၂၁ခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအ တွင်း ကာတာ၊ အိုမန်နှင့် ယူအေအီးနိုင်ငံတို့တွင် အခက် အခဲကြုံ တွေ့၍ မြန်မာနိုင်ငံပြန်လိုသူ (၅၃) ဦးအား ပြန် လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာသံရုံး၊ ရီယာဒ်မြို့၏ ထုတ်ပြန်ချက်အရ သိရသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်အလုပ်လုပ် ကိုင်မည့် မြန်မာနိုင်ငံသားများအနေဖြင့် မသွားရောက်မီ ကုန်ကျစရိတ်များအတွက် ကြိုတင်ကျခံပေးထားသူများနှင့် ကာယကံရှင်အလုပ် သမားများကြား သဘောတူညီထားသည့် အချက်များ၊ လျော်ကြေးငွေပေးရမည့် ကိစ္စများ၊ နှစ်ဦးနှစ်ဖက် သဘောတူညီထားသည့် အချက်များကို သေချာစွာသိရှိ နားလည်ရန်လိုအပ် ကြောင်းလည်း ရီယာဒ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ထို့အပြင် အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ဥပဒေအရ အိမ် ရှင်များ၊အေးဂျင့်များမှ ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်ခြင်း၊ လစာပုံမှန်မပေးခြင်း၊ လစာအပေါ် ခေါင်း ပုံဖြတ်ခြင်းတို့အား အရေးယူအပြစ် ပေးလျက်ရှိကာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ စော်ကားခြင်းများကြုံတွေ့ရပါက သက်သေအထောက်အထားဖြင့် နီးစပ်ရာရဲစခန်းများသို့ ကာယကံရှင်ကိုယ်တိုင် ဥပဒေနှင့်အညီ တိုင်ကြားပါက ပြင်းထန်စွာ အရေးယူအပြစ်ပေးလေ့ရှိ၍ အမှန်တ ကယ် ကျူးလွန်ခြင်းခံရပါက တရားဝင်တိုင်ကြားကာ အ ခက်အခဲရှိပါက မြန်မာသံရုံးများသို့ အသိပေးရန် ထုတ်ပြန်ထားသည်။

ပုံစာ – ဒူဘိုင်းနိုင်ငံတွင် ဒုက္ခရောက်နေကြောင်း လှုမှုကွန်ယက်စာမျက်နှာမှတဆင့် သြဂုတ် (၂၅) ရက်တွင် ဗွီဒီယိုဖိုင်ထုတ်လွှင့်အကူအညီတောင်းခံခဲ့သည့် မြန်မာနိုင်ငံသူ (၈) ဦးအားမြန်မာသံရုံး၊ရီရတ်ဒ်မြို့၏ တာဝန်ရှိသူများက ကူညီပေးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here