ထိုင်ဝမ်နှင့် ပူးပေါင်း၍ လက်နက်များထုတ်လုပ်ရန် အမေရိကန်စဉ်းစားနေဟုဆို

0
103

ထိုင်ဝမ်နှင့် ပူးပေါင်း၍ လက်နက်များထုတ်လုပ်ရန် အမေရိကန်အစိုးရက စဉ်းစားနေကြောင်း ထိုင်ဝမ်စီးပွားရေးသမားတစ်ဦးက ဗုဒ္ဓဟူးနေ့ကပြောသည်။

ယင်းသည် ထိုင်ဝမ်သို့ လက်နက်များထောက်ပံ့ခြင်းကို အရှိန်မြှင့်ရန် ရည်ရွယ်ခြင်းလည်းဖြစ်ကြောင်း ယင်းကဆိုသည်။

တရုတ်နိုင်ငံ၏ ဖိအားပေးမှုများအရှိန်မြင့်လာသောကြောင့်ဟုဆိုကာ ထိုင်ဝမ်သို့ ကန်ဒေါ်လာ ဘီလျံ ၂၀ ကျော်တန်ဖိုးရှိ လက်နက်များရောက်းချပေးရန်ကို အမေရိကန်သမ္မတများက ၂၀၁၇ ခုနှစ်ကတည်းက စတင်၍ အတည်ပြုပေးခဲ့သည်။

သို့ရာတွင် ယူကရိန်း-ရုရှား စစ်ပွဲကြောင့် အချို့သောလက်နက်များ ဝယ်လိုအားတိုးလာသဖြင့် ထိုင်ဝမ်အတွက် ထောက်ပံ့ရေးကွက်ဆက်အခက်အခဲများဖြစ်လာမှုနှင့် နောက်ကျမှုများကို ထိုင်ဝမ်နှင့် အမေရိကန်လွှတ်တော်တို့က သက်ဆိုင်သူများအား သတိပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here