ဘီအမ်ဒဗလျူ သည် အမေရိကတွင် လျှပ်စစ်ကားများ ထုတ်ရန် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ရင်းနှီးမြုပ်နှံသွားမည်

0
237

စပါတန်ဘတ်/တောင်ကယ်ရိုလိုင်နား၊ အောက်တိုဘာ ၁၉

ဘီအမ်ဒဗလျူ အေဂျီသည် အမေရိကန်တွင် လျှပ်စစ်ကား (အီဗွီ) များထုတ်လုပ်ရန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ကြေညာချက်သည် အမေရိကတွင် ၎င်း၏ အီဗွီ ထုတ်လုပ်မှုကို မြှင့်တင်မည့် အစီအစဉ်နှင့် ပတ်သက်၍ အဓိက ကားထုတ်လုပ်သူ ဘီအမ်ဒဗလျူထံမှ နောက်ဆုံးပေါ် ထုတ်ပြန်ခြင်းဖြစ်သည်။

ဂျာမန်ကားကုမ္ပဏီက ၎င်းသည် လျှပ်စစ်ကား ထုတ်လုပ်မှုအတွက် ပြင်ဆင်ရန် တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ စပါတန်ဘတ်မြို့ရှိ ၎င်း၏ စက်ရုံတွင် ဒေါ်လာ ၁ ဘီလီယံတန် ရင်းနှီးမြှုပ်နှံမှုအသစ် ပြုလုပ်နေပြီး အနီးနားရှိ ဝုဒရုဖ်မြို့၌ ဗို့အားမြင့် ဘက်ထရီ တပ်ဆင်ရေး စက်ရုံသစ်အတွက် ဒေါ်လာသန်း ခုနှစ်ရာ သုံးစွဲမည်ဖြစ်ကာ အနည်းဆုံး အလုပ်အကိုင် သုံးရာကျော် ဖန်တီးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒါဟာ အခုအချိန်အထိ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ တပြိုင်တည်း ရင်းနှီးမြုပ်နှံမှုတွေမှာ အကြီးမားဆုံးပါပဲ” ဟု ဘီအမ်ဒဗလျူ အုပ်စု၏ ဥက္ကဌ အိုလီဗာ ဇစ်ပ်ဆယ် ရိုက်တာသတင်းဌာနသို့ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

တောင်ကယ်ရိုလိုင်းနား ပြည်နယ်အုပ်ချုပ်ရေးမှူး ဟင်နရီ မက်မာစတာ က ဘီအမ်ဒဗလျူ၏ အထက်ပါ ရင်းနှီးမြှုပ်နှံမှုသည် ပြည်နယ်သမိုင်းတွင် အကြီးမားဆုံးဖြစ်ကြောင်း အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။

ဇိမ်ခံကားထုတ်လုပ်သူ သည် ၂၀၃၀ ပြည့်နှစ်ကို နောက်ဆုံးထား၍ အမေရိကန်နိုင်ငံ၌ အနည်းဆုံး လျှပ်စစ်စွမ်းအင်သုံး ဘီအမ်ဒဗလျူ မော်ဒယ် ခြောက်စီးထက်မနည်း တည်ဆောက်ရန် စီစဉ်ထားသည်။

ဘီအမ်ဒဗလျူက ၎င်း၏ ဘက်ထရီပုံစံသစ်သည် စွမ်းအင်သိုလှောင်နိုင်သည့် ပမာဏကို ၂၀ ရာခိုင်နှုန်းကျော် တိုးမြင့်စေမည်ဖြစ်ပြီး အားသွင်းအမြန်နှုန်းကို မြှင့်တင်ပေးကာ မောင်းနှင်နိုင်သည့် အကွာအဝေးကိုလည်း ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပါးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here