လှိုင်မြို့နယ်တွင် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃ ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
346

ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊(၁၃)ရပ်ကွက်တွင် တပ်မတော်မှဗိုလ်ကြီး ၁ ဦးအပါအဝင် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ အောက်တိုဘာ ၂၀ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီခွဲကျော်ခန့်က ဗဟိုလမ်းနှင့်ပေါင်းကူးလမ်းထောင့်တွင် ကားတစ်စီးပေါ်မှ အမည်မသိအမျိုးသား ၃ ဦးက လမ်းလျှောက်လာသည့် တပ်မတော်မှဗိုလ်ကြီး အပါအဝင် ၃ ဦးအား သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ပစ်ခတ်ခံရသူများသည် တပ်မတော်မှဗိုလ်ကြီးအဆင့်ရှိသည့် ဗိုလ်ကြီးမြင့်ဆွေ၊ဇနီးဖြစ်သူနှင့်အ မျိုးသားတစ်ဦးတို့ဖြစ်ကာ ကျည်ထိမှန်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ ၃ ဦး၏ရုပ်အလောင်းများအား တပ်မတော်ဆေးရုံ(ကုတင်-၁၀၀၀)သို့ ပို့ ဆောင်ပေးခဲ့ကြပြီး ဖြစ်စဥ်နေရာအနီးမှ ကျည်ခွံအချို့အား လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

“သေဆုံးတဲ့လူတွေက ဗိုလ်ကြီးတစ်ယောက်နဲ့သူ့မိန်းမရယ် နောက်တစ်ယောက်က စစ်သားတစ်ယောက်လို့ပြောတယ် ကျွန်တော်တို့လည်းသေချာတော့မသိဘူး ဗိုလ်ကြီးကသူ့မိသားစုဝင်တွေဆီလာတဲ့အချိန်ပစ်ခံရတာလို့တော့သိထားတယ်”ဟု လှိုင်မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အခင်းဖြစ်နေရာအနီးတဝိုက်နှင့်ရပ်ကွက်များအ တွင်းသို့ လုံခြုံရေးအဖွဲ့ဝင်များက ဝင်ရောက်ရှာ ဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here