စက်စဲကမ်းခြေတွင် ရေနစ်ပျောက်ဆုံးသွားသူ၏ Dead Body ကို ပြန်လည်ရှာဖွေတွေ့ရှိ

0
435

စက်စဲကမ်းခြေတွင် ရေနစ်ပျောက်ဆုံးသွားသူ၏ Dead Body ကို ယနေ့ အောက်တိုဘာလ ၁၉ ရက်တွင် ပြန်လည်ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း စေတနာရှင် လူမှုကူညီရေးအသင်းထံမှ သိရသည်။

ရေနစ်ပျောက်ဆုံးသွားသူမှာ (နေပြည်တော်တပ်ကုန်းမှ အလည်လာသူ) အသက် ၄၅ နှစ်အရွယ် ဦးတင်ထူးဆိုသူ ဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်နံနက်ပိုင်းက ပျောက်ဆုံးသွားခြင်းဖြစ်သည်။

စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းဥက္ကဌမှ ဦးဆောင်သည့် ရှာဖွေကယ်ဆယ်ရေး နှစ်ဦး၊သံဖြူဇရပ်မြို့ မီးသတ်ဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးတို့ဖြင့် အောက်တိုဘာ၁၉ ရက်နေ့ မနက် ၉နာရီခွဲတွင် ဝါခရူရွာချောင်းဖျားမှစတင်၍ စက်လှေငှားရမ်းပြီး ရှာဖွေရန်ကျန်ရှိသည့်နေရာများသို့ စတင် ရှာဖွေခဲ့ရာ မနက် ၁၀နာရီခွဲခန့်တွင်ကျုံကဒတ်ကျေးရွာ ချောင်းအနီးတွင် Dead Body တစ်ခုကိုမနေ့ညတွင် တွေ့ရှိခဲ့သည်ဟူသော သတင်းအား ရေလုပ်သားနှစ်ဦးထံမှ ရရှိခဲ့ပြီး ထိုချောင်းနှင့်အနီး လိုက်လံရှာဖွေခဲ့ရာ ချောင်းခွဲငယ် တစ်ခုအရောက်တွင် ပျောက်ဆုံးနေသူအား ရှာဖွေတွေ့ရှိခဲ့ပါသည်။

“မိသားစုနဲ့လည်း အဆက်အသွယ်ရပါတယ်။ သူတို့ဘက်က မီးသဂြိုလ်ပေးဖို့တောင်းဆိုလာလို့ သံဖြူဇရပ်သုသာန်မှာပဲ မီးသဂြိုလ်ပေး၊ တရားနာတာတွေ ပြုလုပ်ပေးခဲ့ပါတယ်” ဟု စေတနာရှင် လူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ဂဏာန်းထောင်ဖမ်းသူ ဒေသခံရေလုပ်သားများ၏ ပြောပြမှုအရ စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ ကယ်ဆယ်ရေးအဖွဲ့များသည် အောက်တိုဘာ ၁၈ ရက်မှစ၍ရှာဖွေမှုများကို ပြန်လည်စတင်ခဲ့ပြီး ယနေ့တွင် ပြန်လည်ရှာတွေ့ခဲ့ခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here