မှတ်ပုံတင်နံပါတ်တစ်ခုထက်ပိုကိုင်ဆောင်ထားသူများ၏ဘဏ်စာရင်းများပယ် ဖျက်ခံရမည်ဟုဆို

0
541

နိုဝင်ဘာလ (၁) ရက်မှ စတင်ကာ အပိုကိုင်‌ ဆောင်ထားမှတ်ပုံတင်နံပါတ်နှင့် သန်းခေါင်စာရင်းများကို ပယ်ဖျက်သွားမည်ဖြစ်ပြီး ပယ်ဖျက်ခံရသည့် မှတ်ပုံတင်နံမှတ်ဖြင့် ဖွင့်လှစ်ထားသည့်  ဘဏ်အကောင့်များကိုပါ ပယ်ဖျက်ပစ်မည်ဖြစ်ကြောင်း သိရသည်။

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် Database အစီအစဉ်မှာ ပြီးစီးနေပြီဖြစ်သည့်အတွက် နိုဝင်ဘာလ (၁) ရက်မှ စတင်ကာ software စနစ်များ စတင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ စတင်ပါက အမည်တစ်ခုတည်းဖြင့် မှတ်ပုံတင်နံပါတ် (၂)ခု ကိုင်ဆောင်ထားပါက တစ်ခုကို Software  စနစ်မှ အလိုအ လျောက်ဖျက်သိမ်းသွားမည်ဖြစ်ပြီး ဖျက်သိမ်းခံရသည့် မှတ်ပုံတင် နံပါတ်များကို ဘဏ်များသို့ ပေးပို့ အကြောင်းကြားသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပယ်ဖျက်ခံရသည့် မှတ်ပုံတင် နံပါတ်ဖြင့် ဖွင့်လှစ်ထားသည့် ဘဏ်အကောင့်များမှာ နိုဝင်ဘာ (၁) ရက်မှ စတင်ကာ ငွေသွင်းငွေထုတ် လုပ်ဆောင်၍ ရမည်မဟုတ်ဘဲ ပယ်ဖျက်ခံရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပိုင်ဆိုင်မှုများ၊ မြေများ၊ အိမ်၊ ကားနှင့် အခြားသော ပိုင်ဆိုင်မှုများကိုလည်း နိုဝင်ဘာ(၁) ရက်နောက် ပိုင်းမှ စတင်ကာ လွှဲပြောင်း၊ ရောင်းချ၊ ဝယ်ယူခြင်းများ လုပ်ဆောင်ခွင့်ရမည် မဟုတ်တော့ကြောင်း သိရသည်။

ထို့အပြင် သန်းခေါင်းစာရင်း တစ်ခုအထက် ရှိသူများအ နေဖြင့်လည်း တစ်ခုတည်းသာ ထားရှိရမည်ဖြစ်ပြီး အပိုများအား Software စနစ်ဖြင့် အလိုအလျှောက်ဖျက်သိမ်းသွားမည် ဖြစ်သည်။

နစက အစိုးရအနေဖြင့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွ က် ကြိုတင်ပြင်ဆင်မှုအနေဖြင့် လူဦးရေ၊ သန်းခေါင်စာရင်းနှင့် အမျိုးသားမှတ်ပုံတင်ကတ်ပြားများစိစစ် စစ်ဆေးခြင်းနှင့် Database  လုပ်ငန်းများကို နိုင်ငံတဝန်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး လက်ရှိတွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင် ပျောက်ဆုံး/ပျက်စီးသူများ၊အသက်(၁၀)နှစ်ပြည့်ပြီး မှတ်ပုံတင်မပြုလုပ်ရသေးသူများသည် သက် ဆိုင်ရာမြို့နယ် လဝက ရုံးများတွင် သွားရောက်၍ ဖြေရှင်းပြုလုပ်ရမည်ဖြစ်ကာ ပန်းခင်းစီမံချက်များဖြင့် ပြုလုပ်ခြင်းများကို ဆောင်ရွက်နိုင်သည်ဟု လဝက ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် မှတ်ပုံတင်တွင်ပါရှိသည့် အချက်အလက်များ ကွဲလွဲပါက သက်ဆိုင်ရာမြို့နယ် လဝက ရုံးများ၌ သွား ရောက်ပြင်ဆင်ရမည်ဖြစ်ပြီး မိမိ၏ မှတ်ပုံတင်ကတ်အား အခြားသူတစ်ဦးမှ ကိုင်ဆောင်ထားသည်ဟု သံသယရှိပါက သက်ဆိုင်ရာမြို့နယ် လဝက ရုံးများသို့ သတင်းပို့ရမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here