မြ၀တီမြို့တွင် ဆိုင်တစ်ဆိုင်ရှေ့၌ ရပ်ထားသည့် ဆိုင်ကယ်အတွင်းမှဗုံးပေါက်ကွဲ

0
220

ကရင်ပြည်နယ်၊မြဝတီမြို့၊အမှတ်(၅)ရပ်ကွက်ရှိ ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်ထားသည့်ဆိုင်ကယ်အတွင်းမှ ဗုံးပေါက်ကွဲမှု အောက်တိုဘာ ၂၀ ရက် (ယနေ့)နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီကျော်ခန့်က အမှတ်(၅)ရပ် ကွက်၊ကျောက်ဖျာဂိတ်အနီးရှိ ပုဂ္ဂလိကအပေါင် ဆိုင်ရှေ့၌ ရပ်ထားသည့် ဆိုင်ကယ်အတွင်းမှ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်တူးဘောက်စ်ထဲမှာထည့်ထားတဲ့ ဗုံးကနေပေါက်သွားတာပါ အသံအကျယ်ကြီးပဲ အဲဒီဆိုင်ကယ်ကော ဘေးနားကဆိုင်ကယ်ကောပျက် စီးသွားတယ် ဆိုင်မှန်တံခါးတွေလည်းပျက်သွားတယ် လူထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး”ဟု မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်၌ လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း ပျက်စီးမှုအများအပြားဖြစ်ပေါ်ခဲ့ကာ အခင်းဖြစ်ပွားခဲ့သည့်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရရှိထားသည့် CCTV မှတ်တမ်းများဖြင့်လည်း တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့တွင် ယခုရက်ပိုင်းအတွင်း၌ ကားပေါ် ၌ထောင်ထားသည့် လက်လုပ်ချိန်ကိုင်မိုင်းပေါက် ကွဲမှုများနှင့်ကားပေါ်၌ လက်လုပ်ချိန်ကိုက်မိုင်းထောင်ထားမှုများ မကြာခနဖြစ်ပေါ်လျက်ရှိ၍ လုံ ခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြု လုပ်ကာ လုံခြုံရေးတင်းကြပ်ထားမှုများ၊လုံခြုံ ရေးကင်းလှည့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here