နေထိုင်ရန်အခက်အခဲရှိသူများအား ရှမ်းပြည်နယ်အစိုးရမှ တည်ဆောက်ပြီးအဆင့်မြင့်တိုက်ခန်းများကို သက်သာသည့်နှုန်းထားဖြင့်ဌားရမ်းပေးသွားမည်

0
473

နေထိုင်ရန်အခက်အခဲရှိသည့် တိုက်ပွဲရှောင်များ၊အငြိမ်းစားဝန်ထမ်းများ၊အစိုးရဝန်ထမ်းများ၊ကု မ္ပဏီဝန်ထမ်းများနှင့်ပြည်သူများအား ပြင်ပဌားရမ်းခထက်သက်သာသည့် နှုန်းထားဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကူညီဌားရမ်းပေးသွားမည်ဖြစ်သည်။

တောင်ကြီးမြို့နယ်၊အေးသာယာမြို့ကားကွင်းအ နီး ကျီးဖြူကန်စပ်၌တည်ဆောက်ထားသည့် တောင်ကြီးဥယျာဉ်အိမ်ယာစီမံကိန်းရှိ  ရှမ်းပြည် နယ်အစိုးရပိုင် ၅ ထပ်၊ ၄ ခန်းတွဲ အဆင့်မြင့်တိုက် ခန်းများအား ပထမအဆင့်အနေဖြင့် ငှားရမ်းပေးသွားမည်ဖြစ်သည်။

တိုက်ခန်းများတွင် အိပ်ခန်း ၂ ခန်း၊ဧည့်ခန်း၊မီးဖို ခန်း၊ရေချိုးခန်းနှင့်ဘိုထိုင်အိမ်သာတို့ပါဝင်ကာ အကျယ်အဝန်း ၇၇၅ စတုရန်းပေနှင့် ၆၂၀ စတု ရန်းပေရှိကာ ရေ၊မီးများလည်းပြည့်စုံမှုရှိကြောင်း သိရသည်။

ထို့ပြင် အိမ်ယာဝင်းအတွင်း၌ စေတီတစ်ဆူတည် ထားကာ လုံခြုံရေးအတွက် ၂၄ နာရီ စောင့် ရှောက်မှုပေးသွားမည်ဖြစ်ပြီး စားသောက်ဆိုင်၊ဈေးဆိုင်၊ဘဏ်၊စျေးဝယ်စင်တာ၊အိမ်ယာခန်းမ၊အားကစားခန်းမ၊ဓမ္မာရုံတို့ပါဝင်ကြောင်း သိရသည်။

ထို့ကြောင့် ငှားရမ်းလိုသူများအနေဖြင့် တောင်ကြီးမြို့၊ရေအေးကွင်းရပ်ကွက်၊ကမ္ဘောဇလမ်းရှိ ရှမ်းပြည်နယ်၊မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေး ဦးစီး ဌာန ဖုန်း ၀၈၁-၂၀၆၇၁ နှင့် အေးသာယာမြို့၊အ မှတ်(၂)ရပ်ကွက်၊ကားကြီးကွင်းအနီးရှိ တောင်ကြီးဥယျာဉ်အိမ်ယာစီမံကန်း ဖုန်း- ၀၉-၆၇၄၀၉၉၉၆၆ နှင့် ၀၉-၆၈၁၀၃၃၅၇၈ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး လျှောက်လွှာများအား နိုဝင်ဘာ ၁၅ ရက်နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here