နစက ဥက္ကဋ္ဌထံ ဘယ်လာရုစ်နိုင်ငံနှင့်နီပေါနိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ခန့်အပ်လွှာများအား ပေးအပ်ခဲ့

0
328

နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဘယ်လာရုစ်နိုင်ငံနှင့်နီပေါနိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ခန့်အပ်လွှာများအား အောက်တိုဘာ ၂၀ ရက်‌နေ့တွင် ပေးအပ်ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး H.E. Mr. Uladzimir Baravikou က အောက်တိုဘာ ၂၀ ရက်‌နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၏ သံတမန်ဆောင်ဧည့်ခန်းမ၌ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့် နှစ်နိုင်ငံသံတမန်ဆက် ဆံရေးနှင့်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အ လှန်သွားရောက်ရေး၊ကုန်သွယ်မှုတိုးမြှင့်ဆောင် ရွက်ရေး၊သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့်ကာကွယ်ရေးဆိုင်ရာ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး H.E. Mr. Harishchandra Ghimire မှလည်း အောက်တိုဘာ ၂၀ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်၌ နစက ဥက္ကဋ္ဌ ထံသို့ ၎င်း၏သံအမတ်ခန့်အပ်လွှာအားပေးအပ်ခဲ့သည်။

နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့်ချစ်ကြည်ရင်းနှီးမှုဆိုင်ရာများ၊စီးပွားရေးနှင့်ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများ၊ခရီးသွားလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများအား ဆွေး နွေးခဲ့ကြသည်။

သံအမတ်ခန့်အပ်လွှာများပေးအပ်ခြင်းသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဝဏ္ဏဟန် တို့တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here