မ​လေးရှား​ရွေး​ကောက်ပွဲ ကျင်းပရန် တစ်လသာလို

0
262

မလေးရှားနိုင်ငံတွင်အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြာသပတေးနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။

ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို နိုဝင်ဘာ ၅ ရက်တွင် ​ကြေငြာမည်ဖြစ်ပြီးမဲဆွယ်စည်းရုံးရေးကာလအဖြစ်  ၁၄ ရက်သတ်မှတ်​ကြောင်း ကော်မရှင်က ပြောသည်။

အိမ်စောင့် ၀န်ကြီးချုပ် Ismail Sabri Yaakob သည် ဘုရင် Sultan Abdullah Ahmad Shah ၏ သဘောတူညီချက်ဖြင့် အောက်တို ဘာ ၁၀ ရက်တွင် ပါလီမန်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ လွှတ်တော် ဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း အထွေထွေ ရွေးကောက်ပွဲကို ကျင်းပရမည်။

ကော်မရှင်က ကြေညာထားသည့် ၁၄ ရက်တာ မဲဆွယ်ကာလသည် လုံလောက်သည်ဟု ကြာသပတေးနေ့တွင် Datuk Seri Ismail က ပြောကြားခဲ့သည်။

၂၀၁၈ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှာ ၁၁ ရက်သာ​ပေးခဲ့ဖူးသည်။

Source:straitstimes.com


LEAVE A REPLY

Please enter your comment!
Please enter your name here