မလေးရှားနိုင်ငံတွင်အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြာသပတေးနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။
ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို နိုဝင်ဘာ ၅ ရက်တွင် ကြေငြာမည်ဖြစ်ပြီးမဲဆွယ်စည်းရုံးရေးကာလအဖြစ် ၁၄ ရက်သတ်မှတ်ကြောင်း ကော်မရှင်က ပြောသည်။
အိမ်စောင့် ၀န်ကြီးချုပ် Ismail Sabri Yaakob သည် ဘုရင် Sultan Abdullah Ahmad Shah ၏ သဘောတူညီချက်ဖြင့် အောက်တို ဘာ ၁၀ ရက်တွင် ပါလီမန်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ လွှတ်တော် ဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း အထွေထွေ ရွေးကောက်ပွဲကို ကျင်းပရမည်။
ကော်မရှင်က ကြေညာထားသည့် ၁၄ ရက်တာ မဲဆွယ်ကာလသည် လုံလောက်သည်ဟု ကြာသပတေးနေ့တွင် Datuk Seri Ismail က ပြောကြားခဲ့သည်။
၂၀၁၈ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှာ ၁၁ ရက်သာပေးခဲ့ဖူးသည်။
Source:straitstimes.com