တရုတ်နိုင်ငံလုပ် မော်တော်ယာဉ်ပျံကို အများပြည်သူ စိတ်ဝင်စား

0
507

တရုတ်နိုင်ငံမှထုတ်လုပ်ထားသော မော်တော်ယာဉ်ပျံတစ်စင်းကို တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးမြို့မှ ပြခန်းတစ်ခုတွင် တနင်္လာနေ့က စတင်ပြသခဲ့ရာ အများပြည်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်းသိရသည်။

ယင်း မော်တော်ယာဉ်ပျံတွင် လူနှစ်ဦးစီးနင်းလိုက်ပါနိုင်ပြီး၊ Autopilot အလိုအလျောက်မောင်းစနစ်၊ ရေဒါစနစ်နှင့် အခြားယာဉ်များကိုအလိုအလျောက် ရှောင်ရှားနိုင်သည့် အီလက်ထရွန်းနစ် အာရုံခံစနစ်များ ပါရှိသည်။

မော်တော်ယာဉ်ပျံသည် အမြင့်ဆုံး ပေ၃၀၀၀ အထိတက်ရောက်ပျံသန်းနိုင်ပြီး တစ်နာရီလျှင် မိုင် ၈၀ အမြန်နှုန်းအထိ ပျံသန်းနိုင်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here