၁၂ ဘီးကားကြမ်းခင်း ‌အောက်တွင် ကုန်စုံကုန်ခြောက်များဖြင့်ဖုံး၍သယ်လာသည့်ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ ICE များဖမ်းမိ

0
260

ရှမ်းပြည်နယ်၊ကွန်ဟိန်းမြို့နယ်ရှိ ကျိုင်းတုံ- တောင်ကြီးသွားကားလမ်း၏ တာကော်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ ၁၉ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့မှ သိရသည်။

ယင်းနေ့ညနေ ၅ နာရီကျော်ခန့်က တာကော်ပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် ကာလိမြို့ဘက်မှမိုင်းပျဉ်းမြို့ဘက်သို့ စိုင်းဖြိုးဝေသန့် မောင်းကာ စိုင်းအိုက်မွမ်း လိုက်လာသည့် Nissan UD ၁၂ ဘီးကုန်တင်ကားအား ရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ကားကြမ်းခင်းအောက်တွင် ကုန်စုံကုန်ခြောက်များဖြင့်ဖုံး၍ သယ်လာသည့် ဆာလာအိတ် ၅၅ အိတ်အတွင်းမှ ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ ICE (၁၀၉၆ ကီလို)အားဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ICE များနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here