ဆူဒန်တွင် လူမျိုးစုများ၏ နှစ်ရက်ကြာတိုက်ပွဲအတွင်း လူတစ်ရာကျော် သေဆုံးခဲ့

0
251

ဆူဒန်နိုင်ငံတောင်ပိုင်း ဘလူးနိုင်းပြည်နယ်တွင် မြေယာ အငြင်းပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သော နောက်ဆုံးဖြစ်ပွားနေသည့် လူမျိုးစု ပဋိပက္ခများ၏ နှစ်ရက် ကြာ တိုက်ပွဲများအတွင်း အနည်းဆုံး လူ ၁၅၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေကျေဒဏ်ရာရမှုမှာ ပြီးခဲ့သည့်လများအတွင်း အဆိုးရွားဆုံးဖြစ်ပြီး အောက်တိုဘာလ ၂၀ ရက် ကြာသပတေးနေ့တွင် လူအုပ်ကြီးက ဘလူးနိုင်းပြည်နယ် မြို့တော် ဒမဇင်း၏ လမ်းမများပေါ်တွင် ယခုနှစ်အတွင်း လူရာပေါင်းများစွာ သေဆုံးခဲ့သည့် ပဋိပက္ခကို ရှုတ်ချသည့် ကြွေးကြော်သံများ ကြွေးကြော်အော်ဟစ်ကာ ဆန္ဒပြခဲ့ကြသည်။

“ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ကြားမှာ အမျိုးသမီး၊ ကလေးတွေနဲ့ သက်ကြီးရွယ်အို အပါအဝင် စုစုပေါင်း လူပေါင်း ၁၅၀ သေဆုံးခဲ့ပါတယ်။ အကြမ်းဖက်မှုအတွင်း လူ ၈၆ ဦးလောက် ဒဏ်ရာရခဲ့ပါတယ်” ဟု Wad al-Mahi ရွာငယ်၏ ဆေးရုံအကြီးအကဲ Abbas Moussa က ပြောသည်။

ဟာဆာလူမျိုးများနှင့် ပြိုင်ဘက်အုပ်စုများအကြား မြေယာကိစ္စအငြင်းပွားမှုများ ဖြစ်ပွားပြီးနောက်ပိုင်း ပြီးခဲ့သည့် အပတ်က ဘလူနိုင်းပြည်နယ်တွင် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သည်။

ပြင်းထန်းသော သေနတ်သံများနှင့် နေအိမ်များ မီးလောင်ကျွမ်းမှုကြောင့် လူရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက‌ေပြာကြားခဲ့သည်။

တိုက်ပွဲများသည် မြို့တော် ခါတွမ် ၏တောင်ဘက် ငါးရာ ကီလိုမီတာ (၃၁၀ မိုင်) အကွာ ရိုဇဲရာမြို့ အနီးရှိ Wad al-Mahi ရွာငယ်အနီးတစ်ဝိုက်ကိုဗဟိုပြုဖြစ်ပွားခဲ့သည်။

ဆူဒန်ဆိုင်ရာ ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ အက်ဒီရိုက ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ အလွန်စိုးရိမ်မိကြောင်း၊ အောက်တိုဘာလ ၁၃ ရက်တွင် စတင်ခဲ့သော နောက်ဆုံးပေါ် မငြိမ်မသက်မှုကြောင့် အတည်မပြုနိုင်သေးသော သတင်းများအရ လူ ၁၇၀ ဦး သေဆုံးခဲ့ကာ ၃၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here