ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ၅၆ ဦးအပါအဝင် မြန်မာနိုင်ငံသား ၈၁ ဦး တာချီလိတ်မြို့သို့ရောက်ရှိလာ

0
215

ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ဖမ်း ဆီးခံရပြီးပြန်လည်လွတ်မြောက်လာသူ ၅၆ ဦးနှင့်နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းအလုပ်သ မား ၂၅ ဦး(စုစုပေါင်း ၈၁ ဦး)သည် အောက်တို ဘာ ၂၁ ရက်(ယနေ့)နံနက် ၉ နာရီက တာချီလိတ်မြို့သို့ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ၊မယ်ဆိုင်မြို့၊ လ.ဝ.က ဦးစီး အရာရှိ MR. SOMSAK SINGKHAN နှင့်တာဝန်ရှိသူများက ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ် သည်။

စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်းနှင့်တာဝန်ရှိသူ များက လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီးနောက် လက်ခံကြိုဆိုခဲ့ကြပြီး ရွှေ့ပြောင်းအလုပ် သမားများထောက်ပံ့ကူညီရေးဗဟိုဌာန(MRC)မှ တစ်ကိုယ်ရေသုံးပစ္စည်းများထောက်ပံ့ကူညီပေးခဲ့သည်။

တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ကြက်ခြေနီတပ် ဖွဲ့ဝင်များက ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ကိုယ်အပူချိန်တိုင်းခြင်း၊ RDT(Test kit)ဖြင့် ကိုဗစ်(၁၉)ရောဂါပိုး ရှ်ိ၊မရှိ စစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြန်လည်ဝင်ရောက်လာသူများအား တာချီလိတ်မြို့နယ်၊ဝမ်လုံးကျေးရွာရှိ Quarantine Center သို့ပို့ဆောင်၍ ၅ ရက်အသွား အလာကန့်သတ်စောင့်ကြည့်ကာ သတ်မှတ်ရက်ပြည့်ပါက ကိုဗစ်(၁၉)ရောဂါပိုးရှိ၊မရှိ ထပ်မံစစ် ဆေးကာ ၎င်းတို့၏နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Photo-ရှမ်းအရှေ့သတင်းမဏ္ဍိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here