Omircron ထက် များစွာကူးစက်မှုမြန်ဆန်သော XBB ကိုဗစ်မျိုးကွဲသစ် ၂၆ နိုင်ငံတွင် ပြန့်နှံ့လျှက်ရှိဟု WHO ဆို

0
470

လက်ရှိကာကွယ်ဆေးများကို ခံနိုင်ရည်ရှိမည်ဟု ယူဆရပြီး၊ Omicron မျိုးကွဲထက် များစွာကူးစက်မှုမြန်ဆန်သော XBB ကိုဗစ်မျိုးကွဲဗိုင်းရပ်စ်သည် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၂၆ နိုင်ငံတွင် ပြန့်နှံ့လျှက်ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ယင်း XBB မျိုးကွဲများသည် ယခုလအတွင်း စင်ကာပူနိုင်ငံတွင် ကူးစက်မှုမြင့်တက်လျှက်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ကူးစက်မှုမြင့်မလားလျှက်ရှိသလို၊ ကနေဒါ၊ အင်္ဂလန်နှင့် အိန္ဒိယနိုင်ငံတို့တွင်လည်း ကူးစက်မှုများ မြင့်တက်လျှက်ရှိကြောင်း နိုင်ငံတကာသုတေသနအဖွဲ့များထံမှ အချက်အလက်များကဆိုသည်။

XBB ကိုဗစ်မျိုးကွဲများသည် Omicron မျိုးကွဲ၂ခု ပေါင်းစပ်၍ ထပ်မံပေါ်ပေါက်လာခြင်းဖြစ်ပြီး မူလရှိရင်းစွဲ Omicron မျိုးကွဲများထက် ပိုမိုကူးစက်မှုမြန်ဆန်ကာ၊ ယခုနှစ် နွေရာသီတွင် တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့သွားမည်ဟု မျှော်လင့်ထားကြသည်။ သို့ရာတွင် ယင်းမျိုးကွဲအနေဖြင့် အခြားမျိုးကွဲများထက် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ဖြစ်ပွားနိုင်စေခြင်း ရှိ/မရှိ ဆိုသည်ကိုမူ လေ့လာသုတေသနပြုနေကြဆဲဖြစ်ကြောင်း WHO အစီရင်ခံစာတွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here