စစ်ကိုင်းမြို့နယ်တွင် ၂၂ ဘီးဆီဘောက်ဆာကား တိုက်လော့ပြုတ်၍ လမ်းဘေးဓာတ်တိုင်ဝင်တိုက်

0
246

စစ်ကိုင်းမြို့နယ်တွင် ၂၂ ဘီးဆီဘောက်ဆာကား တိုက်လော့ပြုတ်၍ လမ်းဘေးဓာတ်တိုင်ဝင်တိုက်

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊အုန်းတောကျေး ရွာအနီးရှိ မန္တလေး-ရွှေဘို-မြစ်ကြီးနားသွားကားလမ်းတွင် အောက်တိုဘာ ၂၁ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှသိရသည်။

ယနေ့နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က အုန်းတောကျေးရွာအနီးရှိ မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် FUSO ၂၂ ဘီး(အဖြူရောင်)ဆီဘောက်ဆာကားသည် တိုက်လော့ပြုတ်၍ ဓာတ်တိုင်အား ဝင်ရောက်တိုက်မိခဲ့သည်။

ဖြစ်စဥ်အား အုန်းတောနယ်မြေမီးသတ်စခန်းမှ မီးသတ်ကား ၂ စီး၊မီးသတ်တပ်ဖွဲ့ဝင်များ၊လျှပ် စစ်ဌာနမှကရိန်းကား ၁ စီး၊ BOC စက်သုံးဆီဆိုင်မှကရိန်းကား ၂ စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရန် အအေးပေးခြင်းလုပ်ငန်းနှင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်၌ လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here