တရုတ်နိုင်ငံတွင် ကွန်ဒိုနှင့်အဆောက်အဦများ ဆောက်ရန် ချေးငွေထုတ်ပေး

0
201

ပေကျင်း၊အောက်တိုဘာ ၂၁

တရုတ်နိုင်ငံ၌ နိုင်ငံပိုင်ဘဏ်များက အဆောက်အဦပရောဂျက်များနှင့် အိမ်ရာဆောက်လုပ်ရေးပရောဂျက်များအတွက် ချေးငွေများကိုတိုးမြှင့်‌ ပေးလျက်ရှိသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ဒေါ်လာ‌ကြောင့်ယွမ်ငွေကိုစွန့်လွှတ်လာကြသဖြင့် တရုတ်ငွေကြေးသည် နိုင်ငံခြားဈေးကွက်၌ ကြာသပတေးနေ့က တစ်ဒေါ်လာလျှင် ၇ ဒသမ ၂၇ ယွမ်သို့ရောက်ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်မှစ၍ အနိမ့်ဆုံးအဆင့်ဖြစ်သွားခဲ့သည်။

ထို့ကြောင့်တစ်ချိန်တည်းဆိုသလိုပင် ကော်ပိုရေးရှင်းများသို့ ချေးငွေအသစ်များလည်းတိုးလာခဲ့သည်။ရင်းနှီးမြှုပ်နှံမှုအတွက် အသုံးပြုသောနှစ်လတ်နှင့်နှစ်ရှည်ချေးငွေများသည် စက်တင်ဘာလတွင် ၉၄ ရာခိုင်နှုန်းအထိတိုးလာကာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်း အလျင်မြန်ဆုံးမြင့်တက်ခြင်းဖြစ်သည်။

အဆောက်အဦရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအတွက် ဇူလိုင်လကတည်းက ယွမ်ငွေ ၆၇၀ ဘီလီယံ (ဒေါ်လာ ၉၂ ဒသမ ၈ ဘီလီယံ) ကို တရုတ်နိုင်ငံ၏ပို့ကုန် – သွင်းကုန်ဘဏ်နှင့် တရုတ်စိုက်ပျိုးရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်အပါအဝင် ဘဏ် သုံးဘဏ်က ယခုအစီအစဉ်အရ ငွေချေးပေးခဲ့သည်။တရုတ်အစိုးရသည် ဒေသတွင်းအဆောက်အဦရင်းနှီးမြှုပ်နှံမှုအား စီးပွားရေးပြန်လည်ဦးမော့လာစေရန်အဓိကမောင်းနှင်အားအဖြစ်ရှုမြင်သည်။

နိုင်ငံအများအပြားတွင် ကော်ပို ရေးရှင်းချေးငွေများတိုးလာခြင်းသည် စီးပွားရေးတိုးတက်မှုကိုညွှန်ပြနေသည်။လက်လီချေးငွေစီးကြောင်းသည် တရုတ်နိုင်ငံ၏စီးပွားရေးဦးတည်နေသည့်နေရာကို ပိုမိုရှင်းလင်းစွာပုံဖော်နိုင်မည်ဖြစ်သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here