မင်္ဂလာကန်အဆင့်မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် လာရောက်လည်ပတ်နိုင်ဟုဆို

0
223

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မင်္ဂလာကန်အဆင့်မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် လာရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီထံမှ အောက်တိုဘာ ၂၁ ရက်တွင် သိရသည်။

မင်္ဂလာကန်တွင် ကန်ပတ် လျှောက်လမ်းများကို Pattern Design ဖြင့် Concrete Block အလှဖော်ခင်းကျင်းခြင်း၊ ကန်ပတ်လမ်းများ အဆင့်မြှင့်တင်တိုးချဲ့ခြင်း၊ အလှဓါတ်ပုံများ ရိုက်ကူးနိုင်စေရန်အတွက် Photo Booth  Setting များနှင့် ရေပန်းများကို ရောင်စုံအလှမီးများထွန်းညှိတပ်ဆင်ပေးခြင်း၊ အလှပန်းပင်များ စိုက်ပျိုးထားရှိခြင်းအစရှိသည့် မင်္ဂလာကန်အဆင့်မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ပြီဖြစ်ကြောင်း အသိပေးထားသည်။

သို့ဖြစ်ပါ၍ အများပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်လုံခြုံစွာ အပန်းဖြေအနားယူ လည်ပတ်နိုင်ပြီဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ က အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here