လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၃ ခုအားခွင့်ပြုပေးခဲ့

0
178

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ် စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများအပါအဝင် လုပ်ငန်းသစ်(၁၃)ခုအား အောက်တိုဘာ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်၌ပြုလုပ်သည့် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးမှ ခွင့်ပြုပေးခဲ့သည်။

ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၁)ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့်အိမ်ရာအဆောက်အဦကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၁၃)ခုအား ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ(၁၉၈ ဒသမ ၀၁၇)သန်းနှင့်မြန်မာငွေကျပ်(၁၆၇၃၆၆ ဒသမ ၃၉၉)သန်းဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်း(၅၆၈၅)ခုကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ 

ခွင့်ပြုခဲ့သည့် လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများလည်းပါဝင်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊စက်တင်ဘာလကုန်အထိ မြန်မာနိုင် ငံတွင်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားသည့် နိုင်ငံ/ဒေသများမှာ စင်ကာပူ၊တရုတ်နှင့်ထိုင်းနိုင်ငံတို့ဖြစ်ကာ စီးပွားရေးကဏ္ဍ ၁၂ ခုအ နက် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒ သမ ၂၁ ရာခိုင်နှုန်း၊ရေနံနှင့်သဘာဝဓါတ်ငွေ့က ဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၇ ရာခိုင် နှုန်း၊ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှု၏ ၁၄ ဒသမ ၃၂ ရာခိုင်နှုန်းတို့ဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here