ထိုင်ဝမ်သို့တရုတ်ကျူးကျော်နိုင်ခြေအတွက် အမေရိကအနေနှင့်ချက်ချင်းပြင်ဆင်ထားသင့်ဟုရေတပ်ဗိုလ်ချုပ်ကြီးပြော

0
209

ဝါရှင်တန်၊အောက်တိုဘာ ၂၀

 ထိုင်ဝမ်သို့ယခုနှစ်အတွင်း တရုတ်ကကျူးကျော်ဝင်ရောက်လာနိုင်သည့်အတွက် အမေရိကန်စစ်တပ်ကတုံ့ပြန်ရန် အသင့်ရှိနေရမည်ဖြစ်ကြောင်း အကြီးတန်း ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးက အောက်တိုဘာ ၁၉ ရက် ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။

အမေရိကန် ရေတပ်စစ်ဆင်ရေး အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ကယ်လ်ဂီဒေးသည် တရုတ်သမ္မတရှီအနေဖြင့် ထိုင်ဝမ်ကိုသိမ်းယူရန် ယခင်ထင်ထားသည်ထက်ပိုဆန္ဒရှိနေကြောင်း သတိပေးပြောကြားခဲ့သည့် ဝါရှင်တန်၏နောက်ဆုံးအကြီးတန်းအရာရှိတစ်ဦးလည်းဖြစ်သည်။

ကျွန်းကိုကျူးကျော်ရန် ကြိုးပမ်းမှု ပျက်ပြားကာ တရုတ်နိုင်ငံသည် နိုင်ငံတကာ အပယ်ခံအဖြစ်သို့ ရောက်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်လုံခြုံရေးထိပ်တန်း အရာရှိက သတိပေးလိုက်ပြီးနောက် ၎င်း၏ မှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။

ဉာဏ်ကြီးရှင်တစ်ဦးနှင့် ဆွေးနွေးမှုတစ်ခုတွင် ဂီဒေးအား ရှီ၏မိန့်ခွန်းနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ၂၀၂၇ ခုနှစ်တွင် ပေကျင်းက ထိုင်ဝမ်ကိုသိမ်းပိုက်ရန် အဆင်သင့်ဖြစ်နေမည်ဟူသော အခြားအမေရိကန်ရေတပ်ဗိုလ်ချုပ်၏ မှတ်ချက်များကို လက်ခံခြင်းရှိမရှိမေးမြန်းခဲ့သည်။

ထိုအခါ၎င်းက ဒါဟာတရုတ်သမ္မတရှီတစ်ယောက်တည်းရဲ့စကားမဟုတ်ပဲ တရုတ်လူမျိုးတွေအနေနဲ့ ဘယ်လိုပြုမူပြီးသူတို့ဘာလုပ်မယ်ဆိုတာ ပါပဲဟု၎င်းကဆိုသည်။

“ပြီးတော့လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လုံးလုံး သူတို့ကလုပ်မယ်လို့ပြောထားတဲ့အရာကို ပြောထားတဲ့အချိန်ထက်ပိုစောပြီးအကောင်အထည်ဖော်တတ်ကြတယ်ဆိုတာ အားလုံးအသိပါ” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

“ဒါကြောင့်  ၂၀၂၇ လို့ပြောနေပေမယ့် ၂၀၂၂ လဲဖြစ်နိုင်သလို ၂၀၂၃ မှာလဲဖြစ်သွားနိုင်ပါတယ်” ဟုဆိုခဲ့သည်။

တနင်္လာနေ့ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပေကျင်းသည်ထိုင်ဝမ်ကို ယခင်ယူဆထားသည်ထက် ပို၍မြန်မြန်သိမ်းယူရန်ဆန္ဒရှိကြောင်း သတိပေးခဲ့ပြီး ရှီ၏လက်အောက်တွင် တရုတ်နိုင်ငံသည် ပြောင်းလဲ လာခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်ဝမ်နှင့်ပတ်သက်သည့် မည်သည့်စစ်ပွဲမဆို ကမ္ဘာ့ကုန်သွယ်ရေးအပေါ် ကြီးမားသော သက်ရောက်မှုရှိလိမ့်မည်ဟုလည်း ဘလင်ကန်ကသတိပေးခဲ့သည်။

Source: AFP


LEAVE A REPLY

Please enter your comment!
Please enter your name here