ပေါင်မြို့နယ်၌ ၁၂ ဘီးကုန်တင်ကားနှင့် HIACE ကားမျက်နှာချင်းဆိုင်တိုက် ကားမောင်းသူ ၁ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရ

0
226

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ရွာတန်းရှည်ကျေးရွာတွင် အောက်တိုဘာ ၂၂ ရက်(ယနေ့)နံနက်ပိုင်းက ၁၂ ဘီးကုန်တင်ကားနှင့် HIACE ကားတို့မျက်နှာ ချင်းဆိုင်တိုက်မိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာ ကားလမ်းမကြီးပေါ်ရှိ မိုင် တိုင်အမှတ်(၁၆၂/၂)နှင့်(၁၆၂/၃)ကြားတွင် FUSO(၁၂)ဘီးကုန်တင်ကားနှင့်အမျိုးသား၊အမျိုး သမီး ၁၃ ဦးလိုက်ပါလာသည့် HIACE ကားတို့မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်။

ဖြစ်စဥ်တွင် သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရသူ များရှိနေကြောင်း သတင်းအရ ပေါင်မြိုနယ်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ကားတိုက်မှုကြောင့် HIACE ကားမောင်းသူမှာ ထိ ခိုက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေ ဆုံးသွားခဲ့ကာ ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား ၅ ဦးနှင့်အမျိုးသမီး ၇ ဦး (စုစုပေါင်း ၁၂ ဦး)တို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူများအား မွန်မြတ်ကာရုညပရဟိတအသင်းနှင့်မေတ္တာရှင်ပရဟိတအသင်းတို့မှ ရင်းငြိမ်တိုက်နယ်ဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here