အီတလီနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် ဂျော်ဂျီယာ မယ်လိုနီ အရွေးချယ်ခံရ

0
193

လူထု ကိုယ်စားပြုဟု ကြွေးကြော်သူ ဂျော်ဂျီယာ မယ်လိုနီသည် အီတလီနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဘနီတို မူဆိုလီနီ နောက်ပိုင်း နိုင်ငံ၏ လက်ယာစွန်းရောက်ဝါဒီမှ ခေါင်းဆောင်ဖြစ်လာသူ ဖြစ်သည်။

မယ်လိုနီသည် အီတလီသမ္မတ ဆာဂျီယို မာတာရယ်လာနှင့် နှစ်ရက်ကြာ တရားဝင် ညှိနှိုင်းမှု ပြုလုပ်ပြီးနောက် သောကြာနေ့(မနေ့) နေ့လည်တွင် သမ္မတထံမှ အစိုးရဖွဲ့ရန် လုပ်ပိုင်ခွင့်ကို ရရှိခဲ့ပြီး အောက်တိုဘာလ ၂၂ ရက် စနေနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ကျမ်းသစ္စာကျိန်ဆိုရန် စီစဉ်ထားသည်။

ပြီးခဲ့သည့်လ အထွေထွေရွေးကောက်ပွဲတွင် မယ်လိုနီ၏ အစွန်းရောက် ကွန်ဆာဗေးတစ် ညီအစ်ကိုများ ဦးဆောင်သော လယ်ယာစွန်းနှင့် ဗဟိုလက်ယာပါတီများ မဟာမိတ်ဖွဲ့ခဲ့သဖြင့် အီတလီ ပါလီမန်၌ အစိုးရဖွဲ့ရန်အတွက် ကိုယ်စားလှယ်နေရာ အလုံအလောက်ရရှိခဲ့သည်။

မယ်လိုနီသည် ရုရှား-ယူကရိန်း အရေးအခင်းတွင် ယူကရိန်းအား အခိုင်အမာ ထောက်ခံသူဖြစ်ကြောင်း သိရသည်။

မယ်လိုနီသည် ၂၀၀၆ ခုနှစ်တွင် နိုင်ငံရေးသမားများဖြင့် ပြည့်သိပ်နေသာ အီတလီ၏ နိုင်ငံရေးအခင်းအကျင်းသို့ ဝင်ရောက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ယူရိုစကပ်တစ်ဆစ်ဇင်ဝါဒ ခေါ် ဥရောပသမဂ္ဂ (အီးယူ) မှ ခွဲထွက်ရေးကို ထောက်ခံအားပေးသည့် ဥရောပနိုင်ငံရေးအယူဝါဒနှင့် လူဝင်မှု ကြီးကြပ်ရေး မူဝါဒကိုဆန့်ကျင်သော မူများကို အခြေခံထားသော ပါတီဖြစ်သည့် အီတလီ ညီအစ်ကိုများပါတီ ကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်သည်။

အီတလီမဲဆန္ဒရှင်များက ပုံမှန် နိုင်ငံရေးအဖွဲ့များကို မဲပေးရန် ပယ်ချခဲ့ပြီး အစွန်းရောက် နိုင်ငံရေးသမားများကို တစ်ဖန် ပြန်လည်ရွေးချယ်ခဲ့သောကြောင့် အဆိုပါအဖွဲ့၏ လူကြိုက်များမှုသည် စက်တင်ဘာ ရွေးကောက်ပွဲမတိုင်မီ မြင့်တက်လာခဲ့သည်။

မယ်လိုနီသည် နိုင်ငံရေး သက်တမ်း တောက်လျှောက် ကွန်ဆာဗေးတစ် လုပ်ငန်းစဉ်ကိုသာ စွဲမြဲခိုင်မာစွာ လိုက်လျှောက်ခဲ့ပြီး LGBT အခွင့်အရေးများ၊ ကိုယ်ဝန်ဖျက်ချခွင့်နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများအပေါ် မကြာခဏ မေးခွန်းထုတ်ခဲ့သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here