မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၇၃ တွဲထပ်မံရောင်းချခဲ့ရ

0
186

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့တွင် ပုလဲအ တွဲပေါင်း ၄၀၀ အနက် ၁၇၃ တွဲအားထပ်မံရောင်း ချခဲ့ရကြောင်း သိရသည်။

ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲအမှတ် ၄၀၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ပြည်ပရတနာကုန် သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့် သွင်းခဲ့ကြသည်။

ထို့နောက် နေ့လည် ၁ နာရီတွင် တာဝန်ရှိသူများက တင်ဒါအမှတ်(၃)၊ညနေ ၅ နာရီတွင် တင်ဒါအမှတ် (၄)တို့အား ဖွင့်ဖောက်စစ်ဆေး၍ ပုလဲအတွဲပေါင်း (၁၆၈)တွဲနှင့်လက်ကျန်ပုလဲအတွဲ(၅)တွဲ(စုစုပေါင်း ၁၇၃ တွဲ)အားရောင်းချခဲ့ကြသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲ၏ ဒုတိယနေ့ကလည်း ပုလဲအတွဲပေါင်း ၁၈၉ တွဲအားရောင်းချခဲ့ရသဖြင့် ပြပွဲ၌ခင်းကျင်းပြသထားသည့် ပုလဲအတွဲပေါင်း ၄၀၀ အနက် ၃၆၂ တွဲအားရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့တွင်လည်း ပြပွဲစတုတ္ထနေ့အဖြစ် ကျောက်မျက်အတွဲအမှတ် ၁ မှအတွဲအမှတ် ၁၂၀ တို့အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကာ ကျောက်စိမ်းအတွဲ ၂၁၅၀ ကိုလည်းအိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။  

၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတ နာပြပွဲအား အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ပုလဲအတွဲ ၄၀၀၊ ကျောက်မျက်အတွဲ ၁၂၀ နှင့်ကျောက်စိမ်းအတွဲ ၂၁၅၀ တို့ကိုခင်းကျင်းပြ သထားပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ပြည်ပရတနာကုန်သည်များကို ရောင်းချပေးလျက်ရှိသည်။

ထိုသို့ ရောင်းချရာ၌ ပြည်တွင်း၊ပြည်ပရတနာကုန် သည်များအနေဖြင့် ငွေပေးချေရာတွင်ယအမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ဘတ်၊ ကျပ်ငွေတို့ဖြင့် ပေးချေနိုင်ကြောင်း သိရသည်။

ထို့ပြင် ပြပွဲ၌ ခန်းမအပြင်ဘက်တွင် ကျောက်စိမ်းအရိုင်းတွဲများကိုလည်း ခင်းကျင်းပြသထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here